Link to home pageLanguagesLink to all Bible versions on this site
91
1 အမြင့်ဆုံး သော ဘုရား၏ကွယ်ကာ ရာဌာန တော်၌ နေ သောသူသည် အနန္တ တန်ခိုးရှင်၏ အရိပ် ကို ခို ရလိမ့်မည်။ 2 ထာဝရဘုရား သည် ငါ ခိုလှုံ ရာ၊ ငါ ၏ရဲတိုက် ၊ ငါ ကိုးစား သော ဘုရား သခင်ဖြစ်တော်မူသည်ဟု ငါပြောဆို ၏။ 3 အကယ် စင်စစ်မုဆိုး ၏ ကျော့ကွင်း နှင့် ၎င်း၊ သေ တတ်သောအနာ နှင့်၎င်း ၊ သင့် ကို ကင်းလွတ် စေတော်မူမည်။ 4 အတောင် တော် အမွေး နှင့် ဖုံးအုပ် တော်မူ၍ ၊ အတောင် တော်အောက် ၌ သင် သည်လုံခြုံ စွာ နေရလိမ့်မည်။ သစ္စာ တော်သည် သင်၏ ဒိုင်း လွှားဖြစ်လိမ့်မည်။ 5 ညဉ့် အခါဖြစ်တတ်သော ဘေး ကို ၎င်း၊ နေ့ အချိန်၌ ပစ် သောမြှား ကို ၎င်း၊ 6 မှောင်မိုက် ထဲမှာ လည်တတ်သော ကာလနာ ကို၎င်း၊ မွန်းတည့် အချိန်၌ ဖျက်ဆီး တတ်သော ဥပဒ် ကို၎င်း၊ သင်သည်မ ကြောက် ရ။ 7 သင် ၏ အနား မှာ လူတထောင် ၊ သင် ၏လက်ျာ ဘက်မှာ လူတသောင်း လဲ သော်လည်း ၊ သင့် ကို မ ထိ မခိုက်ရ။ 8 သင်သည် ကိုယ် မျက်စိ နှင့် ကြည့် ၍ ၊ မ တရား သောသူတို့ ၌ ရောက်ရသောအပြစ် ကိုမြင် ရုံမျှသာရှိ လိမ့်မည်။ 9 ထာဝရဘုရား သည် ငါ ခိုလှုံ ရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံး သော ဘုရား၌ နေရာ ကျသောကြောင့်၊ 10 သင် ၌ မကောင်း သော အနိဋ္ဌာရုံ မ ကပ် မရောက်။ သင့် နေရာ သို့ ဘေးဥပဒ် မ ချဉ်း ရ။ 11 သွား လေရာရာ၌ သင့် ကိုစောင့်ရှောက် စေခြင်းငှါ ၊ ကောင်းကင် တမန်တို့အား သင့် အဘို့ မှာ ထား တော်မူ သည်ဖြစ်၍၊ 12 သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှါ၊ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်။ 13 သင်သည် ခြင်္သေ့ နှင့် မြွေဆိုး အပေါ် မှာ ကျော် သွား၍၊ ခြင်္သေ့ ပျိုနှင့် နဂါး တို့ကို ခြေဖြင့်နင်း လိမ့်မည်။ 14 သူသည် ငါ့ ကို ချစ် သောကြောင့် ၊ သူ့ ကို ငါကယ်နှုတ် မည်။ ငါ ၏နာမ ကို သိ သောကြောင့် ၊ သူ့ ကို ငါချီးမြှောက် မည်။ 15 သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။ 16 ရှည် သောအသက်နှင့် သူ့ ကိုရောင့်ရဲ စေ၍ ၊ ငါ ၏ ကယ်တင် ခြင်းကျေးဇူးကို သူ့ အား ပြ မည်။

<- ဆာလံကျမ်း 90ဆာလံကျမ်း 92 ->