78
1 ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။ 2 ပုံ စကားကို ငါ မြွက် ဆို၍၊ ရှေး ကာလ၏ နက်နဲ သော အရာများကို ဘော်ပြ ပေအံ့။ 3 ဘိုးဘေး တို့သည် ပြော ၍ ငါ တို့သည် ကြား သိ ရ သော ထို အရာများကို၊ 4 သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။ 5 အကြောင်း မူကား၊ ယာကုပ် အမျိုး၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလ အမျိုး၌ ပညတ် တရားကို ထား တော်မူ၏။ 6 သဘော မ ဖြောင့်၊ ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမ ဆည်းကပ် သောအမျိုး၊ 7 ငြင်းဆန် ၍ ပုန်ကန် တတ်သောအမျိုး တည်းဟူသော ဘိုးဘေး တို့ကဲ့သို့ သားမြေး တို့သည်မ ဖြစ် ၊ ဘုရားသခင် ၏အမှု တော်တို့ကိုမ မေ့။ 8 ဘုရားသခင် ကို ယုံကြည်ကိုးစား ၍၊ ပညတ်တော် တို့ကိုစောင့် စေခြင်းငှာ ထိုတရားတို့ကို ဘိုးဘေး တို့သည်သား တို့အား ပြသ ၍ ဖြစ် လတံ့သောအမျိုး တည်းဟူသော၊ ဘွားမြင် လတံ့ သောသား တို့သည်သိနားလည် ၍၊ နောက်တဖန်မြေးမြစ် တို့အား ပြသ ကြမည်အကြောင်း ပညတ် ထားတော်မူပြီ။ 9 ဧဖရိမ် အမျိုးသား တို့သည် လေး လက်နက် ကို စွဲကိုင် သော်လည်း၊ စစ်တိုက် သောအခါ နောက်သို့ လှည့် ကြပါသည်တကား။ 10 ဘုရား သခင်၏ သစ္စာ တော်ကို မ စောင့်။ တရား တော်လမ်း၌ သွား ခြင်းငှါ အလို မရှိကြ။ 11 အမှုတော် တို့ကို၎င်း ၊ ပြ တော်မူသောအံ့ဩ ဘွယ် တို့ကို၎င်း မေ့လျော့ ကြ၏။ 12 အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။ 13 ပင်လယ် ကိုခွဲ ၍ သူ တို့ကိုရှောက်သွား စေတော်မူ ၏။ ရေ များကို စုပုံ ၍ ထား တော်မူ၏။ 14 နေ့ အချိန်၌ကား၊ မိုဃ်းတိမ် ဖြင့် ၎င်း ၊ ညဉ့်အချိန်၌ကားတညဉ့်လုံး မီး အလင်း ဖြင့် ၎င်း သူ တို့ကို လမ်းပြ တော်မူ၏။ 15 တော ၌ ကျောက် တို့ကိုဖေါက် ၍ ၊ ပင်လယ် ရေ ကဲ့သို့ များစွာ သော ရေကို သူတို့အား တိုက် တော်မူ၏။ 16 ကျောက် ထဲက စီး သော ရေကိုထွက် စေ၍ ၊ မြစ် ရေ ကဲ့သို့ ရေများကို စီး စေတော်မူ၏။ 17 ထိုသူတို့မူကား ၊ အမြင့်ဆုံး သော ဘုရားကို တော ၌ ပုန်ကန် သောအားဖြင့် တိုး ၍ ပြစ်မှား ကြ၏။ 18 မိမိ တို့အလို အလျောက်အစာ ကို တောင်း ၍ စိတ် နှလုံး ထဲမှာ ဘုရား သခင်ကို စုံစမ်း ကြ၏။ 19 ဘုရား သခင်သည် တော ၌ စားပွဲ ကို ပြင်ဆင် နိုင် သလော။ 20 ကြည့် ကြလော့။ ကျောက် ကို ရိုက် တော်မူသဖြင့် ၊ ရေ ထွက်၍ မြစ် ရေကဲ့သို့စီး လေ၏။ မုန့် ကိုလည်း ပေး နိုင် သလော။ မိမိ လူ တို့အဘို့ အမဲ သားကိုပြင်ဆင် နိုင်သလောဟု ဘုရား သခင်ကို ဆန့်ကျင် ဘက်ပြုလျက် ပြော ဆိုကြ၏။ 21 ထိုစကားကို ထာဝရဘုရား သည် ကြား ၍ အမျက်ထွက် တော်မူ၏။ ယာကုပ် အမျိုး၌ မီး လောင် ၍ ၊ ဣသရေလ အမျိုး၌ ဒေါသ မီးတက် လေ၏။ 22 အကြောင်း မူကား၊ အထက် မိုဃ်းတိမ် တို့ကို မှာ ထားလျက်၊ 23 ကောင်းကင် တံခါး တို့ကို ဖွင့် ၍ ၊ သူ တို့ စား စရာ ဘို့ မန္န ကို မိုဃ်း ရွာစေသဖြင့်၊ 24 ကောင်းကင် ဆန် စပါးကိုပေး တော်မူသည်ဖြစ်၍ ၊ ထိုသူ အပေါင်းတို့သည် ကြီးမြတ် သောသူတို့ ၏ အစာ ကိုသုံး ဆောင်၍၊ 25 ဝ ပြောစွာ စားကြမည် အကြောင်း ပြု တော်မူသော်လည်း၊ သူတို့သည် ဘုရား သခင်ကို မ ယုံကြည်။ ကယ်တင် တော်မူခြင်း ကျေးဇူးကို မ ကိုးစား ဘဲ နေကြ၏။ 26 မိုဃ်းကောင်းကင် ၌ အရှေ့ လေကို ပယ် ၍ ၊ အားကြီး သောတောင် လေကို ဆောင် ခဲ့သဖြင့်၊ 27 သူ တို့အပေါ် သို့ အမဲသား ကို မြေမှုန့် နှင့်အမျှ ပျံ တက်သောငှက် တို့ကို သမုဒ္ဒရာ သဲလုံး နှင့်အမျှ ၊ မိုဃ်းရွာ စေလျက်၊ 28 သူ တို့တပ် ချ၍ ၊ နေရာ အရပ်ပတ်လည် ၌ ကျ စေ တော်မူ၏။ 29 ထိုသို့ သူ တို့ အလို ရှိသည်အတိုင်း ပေး တော်မူသဖြင့် ၊ သူတို့သည် ဝ ပြောစွာ စား ရကြ၏။ 30 သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊ 31 ဘုရား သခင်၏အမျက် တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာ သောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျို တို့ကို လှဲချ တော်မူ၏။ 32 ထို အမှုအလုံးစုံ တို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ် သော အမှုတော်တို့ကြောင့် ယုံကြည် ခြင်းမ ရှိ။ ပြစ်မှား လျက် နေကြသေး ၏။ 33 ထိုကြောင့် သူ တို့ နေ့ရက် ကာလကို အချည်းနှီး လွန် စေ၍ ၊ သူ တို့နှစ် များကို ဘေး ဥပဒ်တွင် မြှုပ်တော်မူ ၏။ 34 သူ တို့ကို ကွပ်မျက် တော်မူသောအခါ ကိုယ်တော် ကို ရှာ ကြ၏။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာ ကြ၏။ 35 ဘုရား သခင်သည် သူ တို့၏ကျောက် ၊ အမြင့်ဆုံး သော ဘုရား သည် သူ တို့ကို ကယ်တင် သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိ ရကြ၏။ 36 သို့သော်လည်း ၊ ကိုယ်တော် ကိုနှုတ် ဖြင့် ချော့မော့ ၍ ၊ လျှာ ဖြင့် လည်း မုသာ စကားကို လျှောက်ဆိုကြ၏။ 37 သူ တို့စိတ် သဘောမူကား ၊ ရှေ့တော်၌ မ ဖြောင့် ၊ သစ္စာ တော်ကို မ စောင့် ဘဲနေကြ၏။ 38 ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။ 39 သူ တို့သည် အသား ဖြစ်ကြောင်း ကို၎င်း ၊ စုတေ့၍ နောက် တဖန် မ လာ တတ်သော ဝိညာဉ် ဖြစ်ကြောင်းကို၎င်း အောက်မေ့ တော်မူ၏။ 40 သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။ 41 ဘုရား သခင်ကို အဖန်ဖန် စုံစမ်း ၍ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဆန့်ကျင် ဘက် ပြုကြပါသည်တကား။ 42 တန်ခိုး တော်ကို၎င်း၊ ဒုက္ခ ထဲက ကယ် လွှတ်တော်မူသော နေ့ရက် ကာလကို၎င်း မ အောက်မေ့ ကြ။ 43 အဲဂုတ္တု ပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောန အရပ် ၌ အံ့ဘွယ် သော အမှုတို့ကို၎င်း ၊ ပြု တော်မူ၏။ 44 ထိုပြည်သားတို့သည် ရေမ သောက် ရမည် အကြောင်း၊ သူ တို့ မြစ် ရေ၊ စမ်း ရေများကို သွေး ဖြစ် စေတော်မူ၏။ 45 သူ တို့ကို ကိုက်စား တတ်သောယင်ရဲ တို့ကို ၎င်း ၊ ဖျက်ဆီး တတ်သော ဘား တို့ကို၎င်း ၊ စေ လွှတ်တော်မူ၏။ 46 သူ တို့၏ မြေအသီး အနှံကို ခါသိလကျိုင်း တို့အား၎င်း၊ သူ တို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်း တို့ အား ၎င်း ပေး တော်မူ၏။ 47 သူ တို့စပျစ် နွယ်ပင်များကို မိုဃ်းသီး ဖြင့် ၎င်း၊ သူ တို့ သဖန်း ပင်များကို နှင်းခဲ ဖြင့် ၎င်း ဖျက်ဆီး တော်မူ၏။ 48 သူ တို့၏ သိုး နွားများကို မိုဃ်းသီး ၌ ၎င်း ၊ ပြုစု သော တိရစ္ဆာန် များကို မီး ၌ ၎င်း အပ် တော်မူ၏။ 49 အမျက် တော် အရှိန် အားဖြင့် သူ တို့၌ ဆိုး သော တမန် တို့ကို စေလွှတ် ၍ လွှမ်းမိုး ခြင်း၊ ဒဏ်ခတ် ခြင်း၊ နှောင့်ရှက် ခြင်းအမှုကိုဖြစ် စေတော်မူ၏။ 50 အမျက် တော်ဘို့ လမ်း ကိုပြင်ဆင် တော်မူ၏။ သူ တို့အသက် ကို မ နှမြော ၊ သေ စေခြင်းငှါ ကာလနာ သို့ အပ်နှံ သဖြင့်၊ 51 အဲဂုတ္တု ပြည်၌ သား ဦးအပေါင်း တို့ကို၎င်း ၊ ဟာမ သားတို့နေရာ အရပ်၌ အထွဋ် အမြတ်များကို၎င်းဒဏ်ခတ် တော်မူ၏။ 52 မိမိ လူ များကိုကား၊ သိုး ကဲ့သို့ ထွက် စေ၍ ၊ တော ၌ သူ တို့ကို သိုးစု ကဲ့သို့ ဆောင် တော်မူ၏။ 53 ဘေး နှင့်ကင်းလွတ်အောင် ဆောင် တော်မူသဖြင့် ၊ သူတို့သည် မ ကြောက် ရကြ။ ရန်သူ တို့ကိုကား ပင်လယ် ရေသည် လွှမ်း လေ၏။ 54 သန့်ရှင်း သော ပြည် တော်စွန်းတိုင်အောင် ၎င်း ၊ လက်ျာ လက်တော်အားဖြင့်အပိုင် ရတော်မူသောဤ တောင် သို့၎င်း၊ သူ တို့ကို ပို့ဆောင် တော်မူ၏။ 55 သူ တို့ရှေ့ မှာလည်း ၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးလျှင် ၊ ဣသရေလ အမျိုး အနွယ် အသီးအသီးတို့ သည် အမွေ ခံရသောမြေ ကို တာထိုး၍ ပိုင်းခြား လျက် နေရာ ချတော်မူ၏။ 56 သို့သော်လည်း ၊ သူ တို့သည် အမြင့်ဆုံး သော ဘုရား ကို စုံစမ်း ၍ ပုန်ကန် ကြ၏။ သက်သေ ခံတော်မူချက် များကို မ စောင့် ဘဲ၊ 57 ဘိုးဘေး များကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကိုဖျက် ကြ၏။ လိမ် တတ်သောလေ ကဲ့သို့ လမ်းလွဲ ကြ၏။ 58 သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။ 59 ဘုရား သခင်သည် ကြားသိ တော်မူလျှင် ၊ အမျက် တော်ထွက်၍၊ ဣသရေလ အမျိုးသားတို့ကို အလွန် ရွံရှာ သဖြင့်၊ 60 ရှိလော တဲ တော်တည်းဟူသော ၊ လူ တို့တွင် နေရာ ချတော်မူသောအရပ် ကိုစွန့် တော်မူ၏။ 61 တန်ခိုး တော်ကို သိမ်း သွားစေခြင်းငှါ ၎င်း ၊ ဘုန်း တော်ကို ရန်သူ တို့လက် သို့ ရောက်စေခြင်းငှါ ၎င်း စီရင် တော်မူ၏။ 62 မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။ 63 လူပျို တို့သည် မီး လောင် ခြင်းကိုခံရသော်လည်း ၊ အပျို တို့သည် မ ငိုကြွေး ရကြ။ 64 ယဇ် ပုရောဟိတ်တို့သည် ထား ဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမ တို့သည် မြည်တမ်း ခြင်းကို မ ပြုရကြ။ 65 ထိုအခါ ဘုရား ရှင်သည် အိပ်ပျော်ပြီးသောသူ ကဲ့သို့ ၎င်း၊ စပျစ်ရည် ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎င်း နိုး တော်မူ၏။ 66 ရန်သူ တို့ကိုဒဏ်ခတ် ၍ လှန် သဖြင့်၊ အစဉ် အမြဲအရှက်ကွဲ စေ တော်မူ၏။ 67 သို့ရာတွင် ၊ ယောသပ် ၏ တဲ တော်ကို ငြင်းပယ် ၍ ဧဖရိမ် အမျိုး ကို ရွေး တော်မ မူ။ 68 ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။ 69 သန့်ရှင်း ရာဌာနတော်ကို အထွဋ် ကဲ့သို့ တည်ဆောက် ၍ ၊ မြေကြီး ကဲ့သို့ အစဉ် မြဲစေ တော်မူ၏။ 70 ကျွန်တော်မျိုး ဒါဝိဒ် ကို သိုး ခြံ များထဲက ရွေး ယူ တော်မူ၏။ 71 သား ငယ်ရှိသောသိုး မတို့ကို ထိန်း ခြင်းအမှုမှ နှုတ် ၍ မိမိ လူ တည်းဟူသောယာကုပ် အမျိုးသား၊ အမွေ တော်တည်းဟူသောဣသရေလ လူတို့ကို ကျွေးမွေးစေ ခြင်းငှါ ခန့်ထားတော်မူ၏။ 72 ထိုသူ သည် ဖြောင့်သောသဘော ရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာ သောလက် နှင့် ပို့ဆောင် လေ၏။
<- ဆာလံကျမ်း 77ဆာလံကျမ်း 79 ->