75
1 အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။ နာမတော် နီး ကြောင်း ကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံ ကြသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။ 2 ချိန်းချက် သော အချိန်ကာလနှင့် ငါ တွေ့ကြုံ သောအခါ ဖြောင့်မတ် စွာ တရား စီရင်မည်။ 3 မြေကြီး နှင့် မြေကြီး သားအပေါင်း တို့သည် လှုပ်ရှား ခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင် တို့ကို ငါထောက် ခံရ၏။ 4 မိုက်သောအကျင့် ကို မ ကျင့်ကြနှင့်ဟု မိုက် သောသူတို့ အား ၎င်း၊ ဦးချို ကို မ မြှောက် ကြနှင့်။ 5 သင် တို့၏ ဦးချို ကို မ ချီးမြှောက် ကြနှင့်။ လည်ပင်း ခိုင်မာ လျက် မပြော ကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။ 6 အရှေ့ ၊ အနောက် ၊ တောင် အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူး မ ပြုနိုင်။ 7 ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။ 8 ထာဝရဘုရား ၏လက် တော်၌ ဖလား ရှိ၏။ နီ သောစပျစ် ရည်ပါ၏။ ဆေး မျိုးနှင့်ရောလျက်ရှိ၏။ ထို စပျစ်ရည်ကို လောင်း တော်မူ၏။ အနည် အဖတ်ကိုလည်း မတရား သော မြေ သားအပေါင်း တို့သည် ညှစ် ၍ သောက် ရကြ၏။ 9 ငါ မူကား အစဉ် မပြတ်ချီးမွမ်း ၍ ၊ ယာကုပ် အမျိုး ၏ ဘုရား သခင်ကို ထောမနာသီချင်း ဆိုပါမည်။ 10 မတရား သောသူတို့၏ ဦးချို အပေါင်း ကို ငါချိုး မည်။ တရား သောသူတို့ ၏ဦးချို တို့မူကား၊ ချီးမြှောက် ခြင်းသို့ ရောက်ရကြလိမ့်မည်။
<- ဆာလံကျမ်း 74ဆာလံကျမ်း 76 ->