64
1 အို ဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကား သံကို နားထောင် ၍ အကျွန်ုပ် အသက် ကို ရန်သူ ဘေး မှ ကွယ်ကာ စောင့်မတော်မူပါ။ 2 လူဆိုး တို့၏ တိုင်ပင် ရာမှ ၎င်း၊ ဒုစရိုက် ကို ပြု လေ့ရှိသောသူတို့ ၏ စုဝေး ရာမှ ၎င်း၊ အကျွန်ုပ် ကို ကွယ်ကာ တော်မူပါ။ 3 ထိုသူ တို့သည် မိမိ တို့လျှာ ကို ထား ကဲ့ သို့သွေး တတ်ကြ၏။ 4 စုံလင် သောသူကို မ ထင်မရှားပစ် မည်အကြံနှင့် ၊ ခါး သောစကား တည်းဟူသောမိမိ တို့ မြှား ကို ရွယ် တတ်ကြ၏။ မ ကြောက် မရွံ့ဘဲ ချက်ခြင်း ပစ် တတ်ကြ၏။ 5 မကောင်း သောအမှု မှာ တယောက် ကိုတယောက်နှိုးဆော် တတ်ကြ၏။ ကျော့ကွင်း တို့ကို ထောင် ထား ခြင်းငှါ တိုင်ပင် ၍၊ အဘယ်သူ မြင် လိမ့်မည်နည်းဟု ဆို တတ်ကြ၏။ 6 မ တရားသော အမှု တို့ကို ကိုယ်အဘို့ စစ်ဆေး ရှာဖွေ တတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ် နှလုံးထဲမှာ ကြံစည် သော အရာတို့သည် အလွန်နက်နဲ ကြ၏။ 7 သူ တို့၌ ဘုရား သခင်ပစ် တော်မူသောမြှား မှန်၍၊ သူ တို့သည် အမှတ်တမဲ့ နာ ကြ လိမ့်မည်။ 8 သို့ဖြစ်၍ မိမိ တို့ လျှာ သည် မိမိ တို့ကို တိုက် စေ၍၊ မြင် သောသူ အပေါင်း တို့သည် ပြေး သွားကြလိမ့်မည်။ 9 လူ အပေါင်း တို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရား သခင်စီရင် တော်မူကြောင်းကို နားလည် သဖြင့် အမှု တော်ကို ကြား ပြောကြလိမ့်မည်။ 10 ဖြောင့်မတ် သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံ လိမ့်မည်။ သဘော ဖြောင့် သော သူအပေါင်း တို့သည် ဝါကြွား ကြလိမ့်မည်။
<- ဆာလံကျမ်း 63ဆာလံကျမ်း 65 ->