44
1 အိုဘုရား သခင်၊ ရှေး လွန်လေပြီးသောကာလ တွင် ၊ ဘိုးဘေး တို့လက်ထက် ၌ ပြု တော်မူသောအမှု ကို သူတို့ပြော ၍ ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ကြား ရကြပါပြီ။ 2 တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။ 3 သူ တို့သည် ကိုယ်ထား ဖြင့် ထိုမြေ ကိုအစိုး ရကြ သည်မဟုတ် ပါ။ ကိုယ် လက် ဖြင့် ကိုယ် ကို ကယ်တင် ကြသည် မဟုတ် ပါ။ ကိုယ်တော်အလိုရှိ သောကြောင့် လက်ျာ လက်ရုံးတော်နှင့် မျက်နှာ တော်အလင်း အားဖြင့် သူတို့ကို ကယ်တင် တော်မူ၏။ 4 အိုဘုရား သခင်၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ရှင် ဘုရင်ဖြစ်တော်မူ၏။ ယာကုပ် အမျိုး၏ ကယ်တင် ခြင်း အကြောင်းကို စီရင် တော်မူပါ။ 5 ကိုယ်တော် အားဖြင့် အကျွန်ုပ် တို့သည် ရန်သူ များ ကို တွန်းချ ကြပါစေသော။ ရန်ဘက် ပြုသောသူတို့ကို နာမတော် အားဖြင့် နင်း ရသောအခွင့်ရှိကြပါစေသော။ 6 ကိုယ် ၌ ပါသောလေး ကို အကျွန်ုပ်သည် မ ကိုးစား။ ကိုယ် ထား သည် အကျွန်ုပ် ကို မ ကယ် ရပါ။ 7 ကိုယ်တော်သာလျှင် အကျွန်ုပ် တို့ကို ရန်သူ လက် မှ ကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တို့အား မုန်း သော သူများကိုလည်း အရှက်ကွဲ စေတော်မူ၏။ 8 အကျွန်ုပ်တို့သည် မ ခြားမလပ်ဘုရား သခင်၌ ဝါကြွား ၍ နာမတော် ကို အစဉ် အမြဲချီးမွမ်း ကြပါ၏။ 9 သို့သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရှက်ကွဲ စေတော်မူပြီး။ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မ မူပါ။ 10 အကျွန်ုပ် တို့ကို ရန်သူ ရှေ့ မှာပြန် ပြေး စေ တော်မူ၍ ၊ မုန်း သောသူတို့သည် အလိုလိုလုယူ ရကြ၏။ 11 ဟင်းလျာ ဖြစ်သောသိုး များကဲ့ သို့အကျွန်ုပ် တို့ကို အပ် လိုက်၍ ၊ တပါးအမျိုးသား တို့တွင် အရပ်ရပ်ကွဲပြား စေ တော်မူ၏။ 12 ကိုယ်တော် ၏ လူ များကိုအဘိုး မ ခံဘဲရောင်း ၍ ၊ ရောင်း သောအားဖြင့် စီးပွါး တော်ကို တိုးပွါး စေတော်မူသည် မ ဟုတ်။ 13 အကျွန်ုပ် တို့ကို အိမ်နီးချင်း များကဲ့ရဲ့ ရာ ပတ်ဝန်းကျင် ၌နေသောသူများပြက်ယယ် ပြု၍ ၊ အရှက် ခွဲရာ ဖြစ်စေခြင်းငှါ စီရင် တော်မူ၏။ 14 တပါးအမျိုးသား တို့သည် အကျွန်ုပ် တို့ကို ပုံ ခိုင်း ရသောအခွင့်၊ လူစု တို့သည် ခေါင်း ညှိတ် ရသောအခွင့်ကိုပေး တော်မူ၏။ 15 ကဲ့ရဲ့ သောသူနှင့် အသရေ ဖျက်သောသူ ၏ စကား ကြောင့် ၎င်း၊ 16 ရန်ဘက် ပြုသောသူနှင့် လက်စားချေ သောသူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ် သည် ကိုယ် အရှက် ကွဲခြင်းအကြောင်းကို အစဉ် မျက်မှောက် ပြုရပါ၏။ မျက်နှာ ရှက် ခြင်းအားဖြင့် မွန်း လျက်နေရပါ၏။ 17 ထို မျှ လောက်ခံရ သော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တော် ကို မ မေ့ မလျော့။ သစ္စာ တော်ကို မ ဖျက် ကြပါ။ 18 စိတ် နှလုံးသည် နောက် သို့မ ဆုတ် ၊ တရားတော် လမ်း မှ လွှဲ ၍ မသွား ကြပါ။ 19 ကိုယ်တော်မူကား ၊ မြေခွေး နေရာ အရပ်မှာ အကျွန်ုပ် တို့ကို ချိုးဖဲ့ နှိပ်စက်၍ ၊ သေခြင်း အရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။ 20 အကျွန်ုပ် တို့သည် ကိုယ်ဘုရား သခင်၏ နာမတော် ကိုမေ့လျော့ ၍ ၊ တပါး အမျိုး၏ ဘုရား ထံ သို့လက် ကိုဆန့် သည်မှန်လျှင်၊ 21 နှလုံး ၌ဝှက်ထား သော အရာများကိုဘုရား သခင် သိ တော်မူသည်ဖြစ်၍ ၊ ထို အမှုကိုမ စစ် ဘဲနေတော်မူမည် လော။ 22 အကယ် စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့ သည် အစဉ် မပြတ်အသေသတ် ခြင်းကိုခံရကြပါ၏။ သတ် ဘို့ရာထားသောသိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ် တတ်ကြပါ၏။ 23 အိုဘုရား ရှင်၊ နိုး တော်မူပါ။ အဘယ်ကြောင့် ကျိန်းစက် တော်မူသနည်း။ ထ တော်မူပါ။ အကျွန်ုပ်တို့ကို အစဉ် စွန့်ပစ် တော်မ မူပါနှင့်။ 24 အကျွန်ုပ် တို့ ခံရသောနှိမ့်ချ ခြင်းနှင့် ညှဉ်းဆဲ ခြင်းကို မျက်နှာ တော်လွှဲ ၍ အဘယ်ကြောင့် မေ့လျော့ တော်မူသနည်း။ 25 အကျွန်ုပ် တို့၏စိတ် ဝိညာဉ်သည် မြေ တိုင်အောင် နှိမ့်ချ ခြင်းကို ခံရ၍ ၊ ရင်ပတ် လည်းမြေ ၌ ကပ် လျက်ရှိပါ၏။ 26 အကျွန်ုပ် တို့ကို မစ သောဘုရား ၊ ထ တော်မူပါ။ ကရုဏာ တော်နှင့်အညီ ရွေးနှုတ် တော်မူပါ။
<- ဆာလံကျမ်း 43ဆာလံကျမ်း 45 ->