26
1 အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောကြောင့် ၊ အကျွန်ုပ် ဘက်၌ တရား စီရင် တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ရွေ့လျား ခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။ 2 အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စစ်ဆေး စုံစမ်း၍ ၊ နှလုံး ကျောက်ကပ်ကို ဆေးကြော တော်မူပါ။ 3 အကျွန်ုပ် သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက် ပြု၍ ၊ သစ္စာတရား တော်နှင့်အညီ ကျင့် ပါ၏။ 4 လျှပ်ပေါ် သော လူ တို့နှင့်အတူ မ ထိုင် ပါ။ လျှို့ဝှက် သော လူစုထဲ သို့ မ ဝင် ပါ။ 5 မ တရားသောသူတို့၏ စည်းဝေး ခြင်းကို မုန်း ပါ ၏။ ဆိုးသွမ်း သောသူတို့ နှင့်အတူ မ ထိုင် ပါ။ 6 ကျေးဇူး တော်ကို ချီးမြှောက် သောအသံ နှင့် မြွက်ဆို၍၊ 7 အံဩ ဘွယ်သောအမှုတော်အလုံးစုံ တို့ကို ကြား ပြောခြင်းငှါ ၊ အကျွန်ုပ် သည် ကိုယ်လက် ကို အပြစ် ကင်းခြင်းနှင့်ဆေး ၍ ၊ ယဇ် ပလ္လင်တော်ကို ဝန်းရံ လျက် နေပါသည်၊ ထာဝရဘုရား ။ 8 အိုထာဝရဘုရား ၊ အိမ် တော်သည် အိမ် တော် တည်ရာကို၎င်း ၊ ဘုန်း တော်ထင်ရှားသော အရပ် ဌာန ကို ၎င်း အကျွန်ုပ်နှစ်သက် ပါ၏။ 9 ပြစ်မှား သောသူတို့နှင့်အတူ အကျွန်ုပ် ၏ ဝိညာဉ် ကို၎င်း ၊ လူအသက် ကိုသတ်သောသူတို့ နှင့်အတူ အကျွန်ုပ် အသက် ကို၎င်းချုပ် ထားတော်မ မူပါနှင့်။ 10 သူ တို့လက် သည် မ ကောင်းသောအကြံအစည်၌ ကျင်လည်၍ ၊ သူ တို့လက်ျာ လက်သည်လည်း တံစိုး နှင့် ပြည့် ဝပါ၏။ 11 အကျွန်ုပ် မူကား ၊ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ် ကို ရွေးနှုတ် ၍ ကယ် မသနားတော်မူပါ။ 12 အကျွန်ုပ် သည် ညီညွတ် သောအရပ်၌ နေရာ ကျ၍၊ ပရိသတ် အလယ် မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးပါမည်။
<- ဆာလံကျမ်း 25ဆာလံကျမ်း 27 ->