Link to home pageLanguagesLink to all Bible versions on this site
23
1 ထာဝရဘုရား သည် ငါ ၏ သိုးထိန်းဖြစ်တော်မူ ၏။ ငါသည် ဆင်းရဲ မ ခံရ။ 2 စိမ်းလန်း သော ကျက်စား ရာအရပ်၌ ငါ့ ကို အိပ် စေတော်မူ၏။ သာယာ သောမြစ် နား သို့ လမ်းပြ တော်မူ၏။ 3 ငါ့ ဝိညာဉ် ကိုအားဖြည့် ၍၊ နာမတော် အဘို့ အလိုငှါ တရား လမ်း ထဲ ၌သွေးဆောင် တော်မူ၏။ 4 အကယ်၍ သေမင်း ၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရှောက်သွား ရသော်လည်း ဘေး အန္တရာယ်ကို မ ကြောက် ပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံ တော်နှင့် တောင်ဝေး တော်သည် အကျွန်ုပ် ကို ချမ်းသာ စေပါ၏။ 5 အကျွန်ုပ် ၏ ရန်သူ တို့ရှေ့ မှာ အကျွန်ုပ် အဘို့ စားပွဲ ကိုခင်း တော်မူ၏။ အကျွန်ုပ် ခေါင်း ကိုဆီ နှင့် လိမ်း တော်မူ၏။ အကျွန်ုပ် ခွက် ဖလားသည် လျှံ လျက်ရှိပါ၏။ 6 အကယ် စင်စစ် အကျွန်ုပ် သည် ကျေးဇူး နှင့် ကရုဏာ ကို တသက်လုံး ခံစား ၍ ၊ ထာဝရဘုရား ၏ အိမ် တော်မှာ အစဉ် အမြဲနေ ရပါလိမ့်မည်။

<- ဆာလံကျမ်း 22ဆာလံကျမ်း 24 ->