Link to home pageLanguagesLink to all Bible versions on this site
16
1 အကျွန်ုပ် ကို စောင့် မတော်မူပါဘုရား။ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ 2 ကိုယ်တော် သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည် ဟု ထာဝရဘုရား ကို အကျွန်ုပ်လျှောက်ဆို ပါပြီ။ ကျေးဇူး တော်မှတပါး အခြား သောမင်္ဂလာသည်အကျွန်ုပ် ၌ မ ရှိပါ။ 3 ပြည် တော်၌ နေသောသန့်ရှင်း သူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက် ပါ၏။ 4 အခြား သောလမ်းသို့ လိုက်ပြေးသောသူ တို့ သည် များစွာ သော ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူ တို့သွန်းလောင်း ရာ ပူဇော် သက္ကာအသွေး ကို မလှူ မ ဆက်လို။ သူ တို့ဘုရား၏နာမ ကို မ မြွက် လို။ 5 ထာဝရဘုရား သည် ငါ အမွေ ခံရာအဘို့ ၊ ငါ စားသောက် ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် အမွေ အနှစ်ကို စောင့်ရှောက် တော်မူ၏။ 6 ငါ ပိုင်ထိုက်သောနယ် နိမိတ်သည် သာယာ သော အရပ်တွင် ကျ ၍ ၊ ကောင်းမွန် သော အမွေ ကို ငါ ခံရပြီ။ 7 ငါ့ ကို ပြုစုတော်မူသောထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ညဉ့် အချိန်၌ပင် ငါ့ နှလုံး သည် ငါ့ ကို နှိုးဆော် တတ်၏။ 8 ငါသည် ထာဝရဘုရား ကို အစဉ် မပြတ်မျက်မှောက် ပြု ၏။ အကြောင်း မူကား၊ ငါ လက်ျာ ဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှား ခြင်း မ ရှိရ။ ထိုကြောင့်ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊ 9 ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထို မှတပါး၊ ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။ 10 အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏ သန့်ရှင်း သောသူအား လည်း ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဘဲလျက်၊ 11 အသက် ရှင်ခြင်း လမ်း ကို ပြ ညွှန်တော်မူလိမ့် မည်။ အထံ တော်၌ စုံလင် သော ဝမ်းမြောက် ခြင်းအခွင့် နှင့် လက်ျာ တော်နား မှာ အစဉ် အမြဲပျော်မွေ့ ခြင်းအခွင့် ရှိပါ၏။

<- ဆာလံကျမ်း 15ဆာလံကျမ်း 17 ->