Link to home pageLanguagesLink to all Bible versions on this site
113
1 ထာဝရဘုရား ၏ ကျွန် တော်တို့၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလော့။ ချီးမွမ်း ကြလော့။ 2 ထာဝရဘုရား ၏ နာမတော် သည် ယခု မှစ၍ ၊ အစဉ် အဆက် မင်္ဂလာ ရှိစေသတည်း။ 3 နေ ထွက် ရာမှ သည် နေ ဝင် ရာတိုင်အောင် ၊ ထာဝရဘုရား ၏နာမတော် သည် ချီးမွမ်းဘွယ်ဖြစ်၏။ 4 ထာဝရဘုရား သည် လူမျိုး တကာ တို့ အပေါ် ၌၎င်း၊ ဘုန်း တော်သည် ကောင်းကင် အပေါ် ၌၎င်း မြင့် တော်မူ၏။ 5 ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍ 6 ကောင်းကင် အရာနှင့် မြေကြီး အရာတို့ကိုကြည့်ရှု တော်မူသော ငါ တို့၏ဘုရားသခင် ထာဝရဘုရား နှင့် အဘယ်သူ တူ သနည်း။ 7 ဆင်းရဲ သောသူကို မြေမှုန့် ထဲ ကကြွ လျက်၊ ငတ်မွတ် သောသူကို နောက်ချေး ပုံထဲ က ချီးမြှောက် လျက်၊ 8 မင်းသား တို့တွင် ၎င်း၊ မိမိ လူ တို့ကို အုပ်စိုး သော မင်းတို့တွင် ၎င်း နေရာ ပေးတော်မူ၏။ 9 မြုံ သောမိန်းမသည် အိမ် ၌နေ ၍၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွား ရသောအခွင့်ကိုပေး တော်မူ၏။ ဟာလေလုယ။” ဟာလေလုယ=ဘုရားသခင် ဘုန်းကြီး ပါပေ ၏

<- ဆာလံကျမ်း 112ဆာလံကျမ်း 114 ->