15 သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်၊ 16 ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
17 ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။ 18 ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။ 19 ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင် ၊ 20 ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။ 21 ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။ 22 ထိုအခါ ပေတရု သည် ကိုယ်တော်ကို မိမိ နှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့်။ ဤ အမှုသည် ကိုယ်တော် ၌ မ ရောက် ရာဟု အပြစ်တင် သောစကားကို လျှောက် သော်၊ 23 ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။
24 ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။ 25 အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။ 26 လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။ 27 လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။ 28 ငါအမှန် ဆို သည်ကား၊ လူ သား သည် နိုင်ငံ တော်တည်လျက်ကြွလာ တော်မူသည်ကို၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့မ ရောက် ရကြဟု တပည့် တော်တို့အား မိန့် တော်မူ၏။
<- ရှင်မဿဲခရစ်ဝင် 15ရှင်မဿဲခရစ်ဝင် 17 ->