9 ထိုအခါ လူ အစုအဝေးကို အထံတော်သို့ခေါ် ၍၊ သင်တို့နားထောင် နားလည် ကြလော့။ 10 ခံတွင်း သို့ ဝင် သောအရာ သည် လူ ကိုညစ်ညူး စေသည်မ ဟုတ်။ ခံတွင်း မှ ထွက် သောအရာ သည် ညစ်ညူး စေသောအရာဖြစ်သည် ဟု မိန့် တော်မူ၏။ 11 တပည့် တော်တို့သည်ချဉ်းကပ် ၍ ၊ ယခုမိန့်တော်မူသောစကား ကို ဖာရိရှဲ တို့သည်ကြား သောအခါစေတနာစိတ်ပျက် ကြသည်ကို သိ တော်မူသလောဟုလျှောက် ကြ၏။
12 ကိုယ်တော် ကလည်း ၊ ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ ၏ခမည်းတော် စိုက် တော်မ မူသောအပင် ရှိသမျှ တို့ကို နှုတ် ရလိမ့်မည်။ 13 ထိုသူ တို့ကိုရှိ ပါလေစေ။ သူတို့သည်လူကန်း တို့အား လမ်းပြ သောလူကန်း ဖြစ် ၏။ လူကန်း ချင်းတစ်ဦးကို တစ်ဦးလမ်းပြ လျှင် ၊ နှစ် ဦးတို့သည် တွင်း ထဲသို့ ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
14 ပေတရု ကလည်း ၊ ထို ဥပမာ ကို အကျွန်ုပ် တို့အား ဖွင့်ပြ တော်မူပါဟုလျှောက် လျှင်၊ 15 ယေရှု က၊ သင် တို့သည် ယခု တိုင်အောင်ပညာ မဲ့လျက်နေ သေးသလော။ 16 ခံတွင်း သို့ ဝင် သမျှ သည် ဝမ်း ထဲသို့ ဆင်း ၍ ရေအိမ် တွင် စွန့်ပစ် သည်ကိုနား မ လည်ကြသေးသလော။ 17 ခံတွင်း မှ ထွက် သောအရာ မူကား ၊ နှလုံး ထဲက ထွက်လာ ၍ လူ ကိုညစ်ညူး စေသောအရာဖြစ်၏။ 18 မကောင်း သောကြံစည် ခြင်း၊ လူ အသက်ကိုသတ်ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုး ခြင်း၊ မမှန် သောသက်သေကိုခံခြင်း၊ သူ့ အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံး ထဲက ထွက်လာ ၍၊ 19 လူ ကို ညစ်ညူး စေသောအရာ ဖြစ် ကြ၏။ လက် မ ဆေးဘဲလျက် အစာကိုစား ခြင်းမူကား ၊ လူ ကိုညစ်ညူး စေသည်မ ဟုတ် ဟု မိန့် တော်မူ၏။
20 ယေရှု သည် ထို အရပ်မှထွက် ၍ တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် သို့ ကြွ တော်မူလျှင် ၊ 21 ခါနာန် အမျိုးဖြစ်သောမိန်းမ တစ်ယောက်သည် ထို နယ်စပ် မှ ထွက်လာ ၍၊ ဒါဝိဒ် ၏သား တော်ရှင် ၊ ကျွန်မ ကို သနား တော်မူပါ။ ကျွန်မ ၏သမီး သည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော် သော်လည်း စကား တစ်ခွန်းမျှပြန် တော်မ မူ။ 22 တပည့် တော်တို့သည်ချဉ်းကပ် ၍ ၊ ထိုမိန်းမ ပြန်သွား ရသောအခွင့်ကို ပေးတော်မူပါ။ ငါ တို့နောက် သို့ လိုက်၍ ဟစ်ကြော် လျက်နေပါသည်ဟု တောင်းလျှောက် ကြ၏။ 23 ကိုယ်တော် ကလည်း ၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့် သောသိုး များမှတစ်ပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမ စေလွှတ် ဟု မိန့် တော်မူ၏။
24 ထိုမိန်းမ သည်ချဉ်းကပ် ၍ပြပ်ဝပ် လျက် ကျွန်မ ကိုကယ် တော်မူပါသခင် ဟု လျှောက် ပြန်လျှင်၊
25 ကိုယ်တော် က၊ သား ၏အစာ ကိုယူ ၍ ခွေး အားမ ပေး မချအပ်ဟု ပြန်ပြ ောတော်မူ ၏။
26 မိန်းမ ကလည်း မှန် ပါ၏သခင် ၊ ခွေး မည်သည်ကားမိမိ သခင် ၏ စားပွဲ မှ ကျ သော စားနုပ် စားပေါက်ကို စား မြဲထုံးစံရှိပါ၏ဟု လျှောက် ပြန်လျှင်၊
27 အို မိန်းမ ၊ သင် သည်ယုံကြည် အားကြီး လှပြီ။ သင့်အလိုရှိ သည်အတိုင်း သင် ၌ဖြစ် စေ ဟုမိန့် တော်မူ၏။ ထို အချိန် မှစ၍ ထိုမိန်းမ ၏သမီး သည် ကျန်းမာ ပကတိဖြစ်လေ၏။ 28 ယေရှု သည် ထို အရပ်မှကြွ ၍ ဂါလိလဲ အိုင် နား သို့ရောက် တော်မူလျှင်တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူ၏။ 29 များစွာ သောလူ အပေါင်းတို့သည် ခြေမစွမ်း ၊ မျက်စိ ကန်း၊ စကားအ ၊ အင်္ဂါ ချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများ ကို ဆောင်ခဲ့ လျက် အထံ တော်သို့ရောက်လာ၍ ခြေ တော်ရင်း၌ ချထား ကြ၏။ 30 အနာ ရောဂါများကို ငြိမ်းစေတော်မူသဖြင့် ၊ အ သောသူသည် စကား ပြောသည်ကို၎င်း ၊ ချို့တဲ့ သောသူ သည် ပကတိ ဖြစ်သည်ကို၎င်း၊ ခြေမစွမ်း သောသူသည် လှမ်းသွား သည်ကို၎င်း ၊ မျက်စိကန်း သောသူသည် မြင် ရ သည်ကို၎င်း၊ လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းသို့ရောက် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ဂုဏ် တော်ကို ချီးမွမ်းကြ၏။
31 ထိုအခါ ယေရှု သည် တပည့် တော်တို့ကိုခေါ် ၍၊ ဤ လူ များကိုငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း မ ရှိ ။ လမ်း ခရီး၌ မော မည်ကိုစိုးရိမ်သောကြောင့်အစာ မစားမှီ သူ တို့ကိုလွှတ် ခြင်းငှာငါအလို မ ရှိ ဟုမိန့်တော်မူလျှင် ၊
32 တပည့် တော်တို့က ဤမျှလောက် များ သောလူစု တို့သည် ဝ စွာစားလောက်သောအစာ ကို ဤတော အရပ် ၌ အကျွန်ုပ် တို့သည် အဘယ်သို့ ရနိုင်ပါမည်နည်းဟု လျှောက် ကြသော် ၊
33 ယေရှု က၊ သင်တို့တွင်မုန့် ဘယ်နှစ် လုံးရှိ သနည်း ဟု မေး တော်မူလျှင် ၊
34 မုန့်ခုနှစ် လုံးနှင့် အနည်းငယ် မျှ သော ငါး ကောင်ကလေးရှိပါသည်ဟု ပြန် လျှောက်ကြ၏။
35 ထိုအခါ လူ အစုအဝေးတို့ကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ 36 မုန့် ခုနှစ် လုံးနှင့် ငါး တို့ကိုလည်းယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ ၊ မုန့်နှင့်ငါးကိုဖဲ့ ၍ တပည့် တော်တို့အား ပေး တော်မူ၏။ တပည့် တော်တို့လည်း လူ အပေါင်းတို့အား ပေးကြ၏။ 37 လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ၊ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း ၍ ခုနှစ် တောင်း အပြည့် ရကြ၏။ 38 စား သောသူ အရေအတွက်ကား၊ မိန်းမ နှင့် သူငယ် ကိုမ ဆိုဘဲ ယောက်ျား လေးထောင် ရှိ သတည်း။ 39 ထို လူ များတို့ကို လွှတ် တော်မူပြီးမှ ၊ လှေ စီး ၍ မာဂဒါလ ကျေးလက် သို့ ရောက် တော်မူ၏။
<- ရှင်မဿဲခရစ်ဝင် 14ရှင်မဿဲခရစ်ဝင် 16 ->