14 ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။ 15 ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ 16 ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။ 17 ပညတ္တိ ကျမ်း၌ အငယ်ဆုံးသော ဗိန္ဓု တစ် လုံးပျက်စီး လွယ် ထက် ၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး လွယ်၏။ 18 အကြင်သူသည် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမ နှင့်စုံဘက် ခြင်းကိုပြု၏။ ထိုသူသည်မိမိမယား ကို ပြစ်မှား ၏။ လင် ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကို ပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှားသည် ဟု မိန့်တော်မူ၏။
19 တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။ 20 လာဇရု အမည် ရှိသော သူဆင်းရဲ တစ် ယောက်သည် တကိုယ်လုံး၌ အနာစိမ်း ပေါက်၍ ၊ 21 သူဌေး ၏စားပွဲ မှ ကျ သောစားနုပ်စားပေါက် ကို စား ပါရစေဟု တောင့်တ သောစိတ်နှင့် သူဌေး အိမ် တံခါး နား မှာ တုံးလုံး နေ၏။ ခွေး တို့သည် လာ ၍ အနာစိမ်း များကို လျက် ကြ၏။ 22 တနေ့သ၌ ထိုဆင်းရဲသား သည် သေ လွန်၍ ၊ ကောင်းကင်တမန် တို့သည် အာဗြဟံ ၏ရင်ခွင် သို့ ပို့ဆောင် ကြ၏။ သူဌေး သည်လည်း သေ လွန်၍ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။ 23 မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၍ ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရု ကို၎င်းအဝေး က မြင် လျှင်၊ 24 အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ၌ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။ 25 အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။ 26 ထိုမှတပါး ၊ ငါ တို့နှင့် သင် တို့ စပ်ကြား ၌ အလွန် နက်လှသော ချောက် ကြီးတည် လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင် တို့ရှိရာသို့ ကူးချင် သောသူ မ ကူး နိုင် ။ ထို အရပ်မှ ငါ တို့ရှိရာသို့ ကူး ချင်သောသူလည်း မ ကူးနိုင် ဟု ဆို ၏။ 27 သူဌေး ကလည်း၊ အိုအဘ ၊ ထိုသို့ မှန်လျှင်၊ 28 အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ မ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊ 29 အာဗြဟံ က၊ သင်၏ညီတို့၌ မောရှေ မှစ၍ ပရောဖက် များရှိ ကြ၏။ ပရောဖက် တို့၏ စကားကို နားထောင် ကြစေဟုဆို ၏။ 30 သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊ 31 အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။
<- ရှင်လုကာ 15ရှင်လုကာ 17 ->