13 လူအစုအဝေး ၌ ပါ သော သူတစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် အစ်ကို သည် အမွေ ဥစ္စာကို အကျွန်ုပ် အား ဝေပေး ပါမည်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် လျှင်၊
14 ကိုယ်တော်က အချင်းလူ ၊ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။
15 ထိုမှတစ်ပါးလောဘ လွန်ကျူးခြင်းကို သတိ နှင့် ကြဉ်ရှောင် ကြလော့။ အကြောင်းမူကား ၊ စည်းစိမ် ရှိသော်လည်း စည်းစိမ် ၌ အသက် မ တည် ဟု မိန့် တော်မူ၏။
16 တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။ 17 ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ အသီးအနှံ များကို သိုထား စရာအရပ် မ ရှိ ။ 18 ပြု မည်အကြံမူကား၊ ငါ့ တိုက် များကိုဖျက် ၍ ကျယ် သောတိုက်တို့ကို တည် ပြီးမှ ၊ ငါ ၏ အသီးအနှံ ဥစ္စာ ရှိသမျှ တို့ကို သိုထား မည်။ 19 ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။ 20 ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။ 21 ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။ 22 တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။ 23 အစာ ထက် အသက် မြတ်သည်မဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။ 24 ကျီးကန်း များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမ စိုက် မကြဲ၊ စပါး ကိုမ ရိတ်၊ စပါးကျီ မ ရှိ ၊ ဘဏ္ဍာတိုက် မ ရှိ။ သို့သော်လည်း ဘုရားသခင် သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန် မြတ် သည်မဟုတ်လော။ 25 အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တထောင် ခန့်မျှတိုးပွား စေနိုင် သနည်း။ 26 ထိုသို့ အငယ်ဆုံး သောအမှုကိုမျှ မတတ်နိုင် လျှင် ကြွင်း သောအမှု ကို အဘယ်ကြောင့် စိုးရိမ် ကြသနည်း။ 27 နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့်ကြီးပွား သည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ် လည်းမ လုပ်၊ ချည် ဖြစ်စေခြင်းငှာမ ငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး သော ရှောလမုန် မင်းကြီးအဝတ်သည် ထို အပင်တ ပင်မျှ ၏အဝတ်ကို မ မှီဟု ငါဆို ၏။ 28 ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက် ရှင်လျက်၊ နက်ဖြန် မီးဖို ထဲသို့ ရောက် သော တော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင် တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။ 29 ထိုကြောင့် အဘယ်သို့ စား ရအံ့နည်း။ အဘယ်သို့ သောက် ရအံ့နည်းဟူ၍မ ရှာဖွေ ကြနှင့်။ သောက မွှေနှောက်ခြင်းလည်း မ ရှိကြနှင့်။ 30 ထို အရာများကို လောကီသား အမျိုးမျိုး တို့သည် ရှာဖွေ တတ်ကြ၏။ ထို အရာများကို သင်တို့သည် အသုံးလို ကြောင်း ကို သင် တို့အဘ သိ တော်မူ၏။ 31 သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံ တော်ကို ရှာ ကြလော့။ နောက်မှ ထို အရာများကို ထပ် ၍ပေးတော်မူလတံ့။ 32 သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။ 33 သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။ 34 အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။
35 သင် တို့သည် ခါးပန်း စည်း လျက်၊ ဆီမီး ထွန်း လျက်နေသဖြင့် ၊ 36 သခင် သည် မင်္ဂလာဆောင်ပွဲ မှ ပြန်လာ ၍ တံခါးကိုခေါက် သောအခါ ချက်ခြင်း ဖွင့် ခြင်းငှာ သခင် လာ မည်ကို မြော်လင့် ၍နေသောကျွန် ကဲ့သို့ ရှိနေကြလော့။ 37 အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။ 38 နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။ 39 အိမ်ရှင် သည် သူခိုး လာ မည်အချိန်နာရီ ကို သိ ရလျှင် ၊ မိမိ အိမ် ကို မ ထွင်း မဖောက်စေခြင်းငှာစောင့်နေလိမ့်မည်ကို သင်တို့သိ ကြ၏။ 40 ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။
41 ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊
42 သခင် ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန် လျှင် အစားအသောက် တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့်၎င်းပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။ 43 အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည် ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။ 44 ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။ 45 သို့မဟုတ် မူကား ၊ အကြင် ကျွန် က၊ ငါ့ အရှင် လာ ခဲ လိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည် နှင့်ကျွန်ချင်း ယောက်ျားမိန်းမ တို့ကို ရိုက်ပုတ် လျက်၊ စား သောက် ယစ်မူး လျက် နေ၏။ 46 ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည် ရောက်လာ လျှင်၊ ထိုကျွန် ကို ပြင်းစွာဆုံးမကွပ်မျက် ၍ သစ္စာ မရှိသောသူ တို့နှင့်တကွ နေရာချ လတံ့။ 47 အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။ 48 သခင်၏အလိုကို မ သိ ဘဲလျက်၊ ဒဏ် ခံထိုက် သောအမှုကို ပြု မိသောသူ မူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူ သည် များစွာ သောကျေးဇူး ကိုခံ၏။ ထိုသူသည်အများ ကိုဆပ် ရ၏။ အကြင်သူ ၌ များစွာ သောဥစ္စာကို အပ်နှင်း ၏။ ထိုသူ ကို များစွာ တောင်း လိမ့်မည်။ 49 မြေ ပေါ်၌ မီး လောင် စေခြင်းငှာငါလာ သတည်း။ ထိုမီး မညှိမှီတိုင်အောင်ငါ၏အလို မပြည့်စုံ။ ဗတ္တိဇံ တစ်ခုကိုလည်း ငါခံ စရာရှိ၏ ။ 50 ထို ဗတ္တိဇံကို မ ခံ မှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။ 51 မြေ ပေါ်၌ ငြိမ်သက် ခြင်းကို ပေး အံ့သောငှာငါလာ သည်ဟု ထင် ကြသလော။ ထိုသို့သောအလိုငှာ ငါလာ သည်မ ဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှာငါလာသည်ဟု ငါဆို ၏။ 52 အဘယ်သို့ နည်းဟူမူကား၊ ယခု မှစ၍ အိမ် တ အိမ်၌ နေသော လူငါး ယောက်တို့သည် နှစ် ယောက်တစ်စုသုံး ယောက်တစ်စုအချင်းချင်းကွဲပြား လိမ့်မည်။ 53 အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား လိမ့်မည် ဟု မိန့် တော်မူ၏။
54 တစ်ဖန် လူ အစုအဝေးတို့အား မိန့် တော်မူသည်ကား၊ သင်တို့သည် အနောက် မျက်နှာ၌ မိုဃ်းရိပ် တက် သည်ကို မြင် သောအခါ မိုဃ်း ရွာ မည်ဟု ချက်ခြင်း ဆို တတ်၏။ ဆိုသည်အတိုင်း လည်း ဖြစ် တတ်၏။ 55 တောင် လေလာ သည်ကို မြင်သောအခါ နေပူ မည်ဟု ဆို တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ် တတ်၏။ 56 လျှို့ဝှက် သောသူတို့၊ သင်တို့သည် မြေကြီး ၏မျက်နှာနှင့် မိုဃ်းကောင်းကင် ၏မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ၏။ ယခု ကပ်ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင်ကြသနည်း။ 57 ထိုမှတစ်ပါး ဖြောင့်မတ် ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား ၍ မ သိကြသနည်း။ 58 သင်သည်တရားတွေ့ဘက် နှင့်အတူ မင်း ထံသို့ သွား သောအခါ အမှုပြေ စေခြင်းငှာလမ်း ၌ ကြိုးစား လော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီး ရှေ့ သို့ဆွဲ မည်။ တရားသူကြီး သည် လုလင် ခေါင်း၌အပ် ၍၊ လုလင် ခေါင်းသည် ထောင် ထဲ၌ လှောင် ထားမည်။ 59 လျော်ပြစ် ငွေ ရှိသမျှ ကို မ လျော်မှီတိုင်အောင်ထောင် ထဲကမ ထွက် ရ၊ ငါ ဆိုသည် ဟု မိန့်တော်မူ၏။
<- ရှင်လုကာ 11ရှင်လုကာ 13 ->