22
1 တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 2 အာရုန် နှင့် သူ ၏သား တို့သည် ငါ့ အဘို့ သန့်ရှင်း စေသောအရာအားဖြင့်၊ သန့်ရှင်း သော ငါ ၏ နာမ တော်ကို မ ရှုတ် မချဘဲ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာများနှင့် ကိုယ်ကိုကိုယ်ကွာ စေရမည် အကြောင်း ဆင့်ဆို လော့။ ငါ သည် ထာဝရဘုရား ဖြစ်၏။ 3 ထာဝရဘုရား အဘို့ ဣသရေလ အမျိုးသား သန့်ရှင်း စေသဖြင့် ၊ သန့်ရှင်း ခြင်းရှိသောအရာတို့ကို ၊ ကိုယ် မ စင်ကြယ်လျက် နှင့် ချဉ်းကပ် သော ယဇ်ပုရောဟိတ်အမျိုးသား မည်သည်ကား၊ ငါ့ ထံ မှ ပယ်ရှင်း ခြင်းကိုခံရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။ 4 နူနာ ၊ ရိနာ စွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ် မှီတိုင်အောင် သန့်ရှင်း သော အရာကို မ စား ရ။ အသေ ကောင်နှင့်ဆိုင်၍ မ သန့်ရှင်းသောအရာကို ထိ သောသူ၊ သုတ် ရည်ထွက် သော သူ၊ 5 ညစ်ညူး စေ၍ တွား တတ်သော တိရစ္ဆာန်ကိုထိ သော သူ ၊ ညစ်ညူး ခြင်းတစုံ တခုစွဲ၍ ညစ်ညူး သော သူ ၊ ထိုသို့သောသူ ကို ထိ သမျှသော သူ တို့သည်၊ 6 ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ် ကို ရေ မချိုးဘဲနေလျှင် ၊ သန့်ရှင်း သောအရာကို မ စား ရ။ 7 နေ ဝင် သောနောက်မှသန့်ရှင်း ခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်း သောအရာသည် သူ တို့ စားစရာ ဖြစ်သောကြောင့် ၊ ထို နောက်မှစား ရကြမည်။ 8 အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူး စေ၍ မ စား ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။ 9 ယဇ်ပုရောဟိတ်တို့သည် ငါ့ ပညတ် တော်ကို ဖျက် သဖြင့် ၊ ကိုယ် အပြစ် ကိုခံ လျက် မ သေ ရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက် ရကြမည်။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ၏။ 10 တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။ 11 ယဇ် ပုရောဟိတ်သည် ကိုယ် ငွေ နှင့် ဝယ် သောသူ၊ သူ ၏ အိမ် ၌မွေး သောသူသည် သူ ၏အစာ ကို စား ရမည်။ 12 ယဇ်ပုရောဟိတ် သမီး သည် တပါး အမျိုးသား၏ မယားဖြစ် လျှင် ၊ သန့်ရှင်း သော ပူဇော် သက္ကာအရာကို မ စား ရ။ 13 သို့ရာတွင် လင် သေသော်၎င်း ၊ လင်နှင့်ကွာ သော်၎င်း၊ သား မ ရှိဘဲ မိမိ အဘ အိမ် သို့ ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ ၏အစာ ကို စား ရမည်။ တပါး အမျိုးသားမ စား ရ။ 14 လူ သည် သန့်ရှင်း သောအရာကို မ သိဘဲ စား မိလျှင် ၊ စားမိသောအရာ၏ အဘိုးနှင့်တကွငါး စုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ် အား ပေး ရမည်။ 15 ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော် ၍ ၊ သန့်ရှင်း သောအရာတို့ကို မ ရှုတ် မချရ။ 16 ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။ 17 တဖန် မောရှေ အား ထာဝရဘုရား က သင်သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို ရမည်မှာ၊ 18 ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊ 19 စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။ 20 အပြစ် ပါသောအကောင်ကို မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။ 21 သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ်၊ နွား ကို ထာဝရဘုရား အား ယဇ် ပူဇော် လိုလျှင် ၊ စိတ် တော်နှင့် တွေ့ခြင်းငှါ စုံလင် ရမည်။ အပြစ်တစုံတခုမျှ မရှိရ။ 22 မျက်စိ ကန်းသောအပြစ်၊ အရိုးကျိုး သောအပြစ်၊ အင်္ဂါချို့တဲ့ သောအပြစ်၊ မြင်းဖု ရှိသောအပြစ်၊ ဝဲနာ ၊ ယားနာ စွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရား အား မ ပူဇော် ရ။ ယဇ် ပလ္လင်ပေါ် မှာ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာမ ပြု ရ။ 23 သို့ရာတွင် အင်္ဂါ ပိုခြင်း၊ ချို့တဲ့ ခြင်း အပြစ်ရှိသောသိုး ၊ ဆိတ်၊ နွား ကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော် ရမည်။ သစ္စာ ဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့။ 24 ကြိတ် နယ် စုတ် ပြတ် ရာ အနာရှိသော အထီးကို ထာဝရဘုရား အား မ ပူဇော် ရ။ သင် တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမ ပြု ရ။ 25 ထိုသို့သောအကောင်ကို တပါး အမျိုးသားဆက် သော်လည်း ပျက် သောအပြစ် ပါသောကြောင့် ၊ သင် တို့၏ ဘုရား သခင့်ပွဲတော် ဘို့ မ ပူဇော် ရ။ ပူဇော်လျှင် စိတ် တော်နှင့်မ တွေ့ဟု မိန့် တော်မူ၏။ 26 တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 27 သိုး ၊ ဆိတ် ၊ နွား တို့သည် မွေးဘွား သောအခါ ခုနစ် ရက် အတွင်းတွင် သားငယ်ကို အမိ နှင့် မကွာစေရ။ အဋ္ဌမ နေ့ မှစ၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော် သက္ကာဘို့ တော်သင့် ၏။ 28 နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ သား အမိနှစ်ကောင်ကို တ နေ့ခြင်းတွင် မ သတ် ရ။ 29 ကျေးဇူး တော်ဝန်ခံရာယဇ် ကို ထာဝရဘုရား အား ပူဇော် လိုလျှင် ၊ စိတ် တော်နှင့်တွေ့ခြင်းငှါ ပူဇော် လော့။ 30 တနေ့ ခြင်းတွင် စား ရမည်။ နက်ဖြန်နေ့ တိုင်အောင် မ ကြွင်း စေရ။ ငါ သည်ထာဝရဘုရား ဖြစ်၏။ 31 သင်တို့သည် ငါ့ ပညတ် တို့ကိုကျင့်စောင့် ရကြမည်။ ငါ သည်ထာဝရဘုရား ဖြစ်၏။ 32 သန့်ရှင်း သောငါ ၏နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရားသန့်ရှင်း တော်မူသည်ဟု ဣသရေလ အမျိုးသား တို့သည် ထင်မှတ်ရကြမည်။ 33 ငါ သည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍၊ သန့်ရှင်း စေသောထာဝရဘုရား ဖြစ်၏။ ငါ သည်ထာဝရဘုရား ဖြစ်သည်ဟုမိန့် တော်မူ၏။
<- ဝတ်ပြုရာကျမ်း 21ဝတ်ပြုရာကျမ်း 23 ->