Link to home pageLanguagesLink to all Bible versions on this site
15
1 2 တဖန် မောရှေ နှင့် အာရုန် အား ထာဝရဘုရား က၊2သင်တို့သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ရိနာ စွဲသော ယောက်ျား သည် မ စင်ကြယ်။ 3 အစဉ်ယို သည်ဖြစ်စေ ၊ တခါတလေရပ် သည်ဖြစ်စေ၊ ထိုသူ သည် မ စင်ကြယ်။ 4 အိပ် သမျှ ထိုင် သမျှ သော အိပ် ရာထိုင်ရာတို့သည်လည်း မ စင်ကြယ်။ 5 သူ ၏အိပ်ရာ ကို ထိ သော သူ ၊ သူ့ထိုင်ရာ အပေါ်မှာ ထိုင် သောသူ၊ သူ၏ကိုယ် ကို ထိ သောသူ၊ သူ၏တံထွေး ထိမိသောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ကိုယ်ကိုရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။ 6 7 8 9 ရိနာ စွဲသော သူစီး သော ကုန်းနှီး လည်း မ စင်ကြယ်။ 10 သူ့ အောက် ၌ရှိ သော အရာ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင် သောသူသည်၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 11 ရိနာ စွဲသောသူသည်၊ လက် မ ဆေး ဘဲ သူတပါး ကို လက်နှင့်ထိ လျှင် ၊ ထိုသူသည် မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 12 ရိနာ စွဲသောသူ ထိ သော မြေ တန်ဆာ ကို ခွဲ ရမည်။ သစ်သား တန်ဆာ ကို ရေ နှင့် ဆေး ရမည်။ 13 ရိနာ စွဲသောသူသည် အနာ ပျောက်သောအခါ ၊ ပျောက်သောနေ့က စ၍၊ ခုနစ် ရက် လွန်မှ မိမိ အဝတ် ကို လျှော် ၍ ၊ စီး သောရေ နှင့် ကိုယ် ကိုချိုး သဖြင့် စင်ကြယ် ရ၏။ 14 အဋ္ဌမ နေ့ ၌ လည်း ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့ တော်၌ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ပေး ရမည်။ 15 ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ရိနာစွဲသော သူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။ 16 ယောက်ျား သည် သုတ် ရည်ထွက် လျှင် တကိုယ်လုံး ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 17 သုတ် ရည်ထိသောအဝတ် ၊ သားရေ ရှိသမျှ တို့ကို ရေ နှင့် လျှော် ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။ 18 ယောက်ျား သည် မိန်းမ နှင့် သံဝါသ ပြုလျှင် ၊ နှစ်ယောက်စလုံးတို့သည် ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။ 19 မိန်းမ သည် ဥတု ရောက် လျှင် ၊ ခုနစ် ရက် ပတ်လုံးဥတု မစင်ကြယ်ရာ၌ နေရမည်။ သူ့ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 20 ဥတု မစင်ကြယ်လျက် အိပ် သမျှ ၊ ထိုင် သမျှ တို့သည် မ စင်ကြယ်ဖြစ်၏။ 21 သူ ၏အိပ်ရာ ၊ သူ၏ထိုင် ရာကို ထိ သောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။ 22 23 24 သူ၏နေရာ ထိုင် ရာစွန်းလျှင် ၊ ထိုနေရာထိုင်ရာကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 25 ဥတု ရောက် သော မိန်းမ နှင့် သံဝါသ ပြုသောသူသည် ခုနှစ် ရက် ပတ်လုံးမ စင်ကြယ်၊ အိပ်ရာ ရှိသမျှ လည်း မ စင်ကြယ်ဖြစ်၏။ 26 ဥတု မစင်ကြယ်ရာ ကာလလွန် မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင်ဥတု မစင်ကြယ်လျက် နေရသကဲ့သို့ မ စင်ကြယ်ဖြစ် ၏။ 27 အနာမပျောက်မှီတိုင်အောင်သူ၏အိပ်ရာ သည် ဥတု မစင်ကြယ်သော အိပ်ရာ ကဲ့သို့ ၎င်း၊ ထိုင် ရာသည်လည်း ထိုကဲ့သို့ ၎င်း မစင်ကြယ် ဖြစ် ကြ၏။ 28 ထိုအရာတို့ကို ထိ သောသူသည်လည်း မ စင်ကြယ်သောကြောင့် ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ 29 ထိုမိန်းမသည် သွေးယိုနာ ပျောက် ၍ ခုနစ် ရက် လွန် လျှင် စင်ကြယ် လိမ့်မည်။ 30 အဋ္ဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။ 31 ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ဥတုမ စင်ကြယ်သော မိန်းမ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။ 32 ထိုသို့ ဣသရေလ အမျိုးသား တို့သည် မိမိ တို့တွင် ရှိသောငါ့ တဲ တော်ကို ညစ်ညူး စေ၍ ၊ မိမိ တို့ မ စင်ကြယ်ရာ၌ မ သေ စေခြင်းငှါ ၊ သူ တို့ကို မ စင်ကြယ်ခြင်းနှင့် ကင်းစင် စေရမည်။ 33 ဤ ရွေ့ကား၊ ရိနာ စွဲသောသူ၊ သုတ်ရည် ထွက် ၍ညစ်ညူး သောသူ၊

<- ဝတ်ပြုရာကျမ်း 14ဝတ်ပြုရာကျမ်း 16 ->