12
1 တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ 2 မိန်းမ သည် ပဋိသန္ဓေယူ၍ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ဥတုရောက်၍ ခုနစ် ရက် မ စင်ကြယ်သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။ 3 အဋ္ဌမ နေ့ ၌ သားယောက်ျားအား အရေဖျား လှီးခြင်းကို ပြုရမည်။ 4 ထိုနောက် အမိသည် စင်ကြယ် စေခြင်းနှင့် ဆိုင်သော အသွေး ရှိ၍၊ အရက် သုံး ဆယ်သုံး ရက် ပတ်လုံးနေ ရမည်။ စင်ကြယ် စေခြင်းနေ့ ရက်မ စေ့ မှီတိုင်အောင်သန့်ရှင်း သောအရာကို မ ကိုင် ရ။ သန့်ရှင်း ရာ ဌာနတော်သို့ မ သွား ရ။ 5 သားမိန်းမ ကို ဘွားမြင် လျှင် ၊ ဥတုရောက်သကဲ့သို့ တဆယ် လေးရက်ပတ်လုံးမ စင်ကြယ်နေရမည်။ စင်ကြယ် စေခြင်းနှင့် ဆိုင်သောအသွေး ရှိ၍၊ အရက် ခြောက် ဆယ်ခြောက် ရက် ပတ်လုံးနေ ရမည်။ 6 သား ယောက်ျားဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ စင်ကြယ် စေခြင်းနေ့ ရက်ကာလစေ့ သောအခါ ၊ မီး ရှို့ရာယဇ် ဘို့ အခါ မလည်သော သိုးသငယ် တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ချိုး ကလေး တကောင်၊ သို့မဟုတ်ခို တကောင်ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။ 7 ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ပူဇော် ၍ ၊ ထိုမိန်းမ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် အသွေး သွန် ခြင်းအပြစ်မှ သန့်ရှင်း ရလိမ့်မည်။ 8 သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ် ဖြေရာယဇ်ဘို့ တကောင် ကို ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် သူ့ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်း ရလိမ့်မည်။ ဤ ရွေ့ကား၊ သား ယောက်ျား၊ သားမိန်းမ ကို ဘွားမြင် သော အမိနှင့် ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
<- ဝတ်ပြုရာကျမ်း 11ဝတ်ပြုရာကျမ်း 13 ->