16
ဧဖရိမ်နှင့်မနာရှေအမွေခံရသောမြေ
1 ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့အရှေ့ ၊ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊ 2 ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း၊ 3 အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။ 4 ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။ 5 ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊ 6 မြောက် မျက်နှာ၌ ပင်လယ် နား ၊ မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်၊ 7 ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။ 8 တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ၌ ဆုံး လေ၏။ 9 ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။ 10 ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။
<- ယောရှုမှတ်စာ 15ယောရှုမှတ်စာ 17 ->