39
1 သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။ 2 ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။ 3 သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။ 4 သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။ 5 တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။ 6 တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။ 7 မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။ 8 တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။ 9 ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။ 10 ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။ 11 ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။ 12 သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။ 13 ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။ 14 သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။ 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။ 16 သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။ 17 အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။ 18 သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။ 19 သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။ 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။ 21 လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။ 22 ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။ 23 သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။ 24 မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။ 25 တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။ 26 သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။ 27 သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။ 28 သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။ 29 ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။ 30 သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။
<- ယောဘဝတ္တု။ 38ယောဘဝတ္တု။ 40 ->