15 နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊
16 တစ်ဖန် ယေရှုက၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု ဒုတိယ အကြိမ်မေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟုလျှောက် သော်၊
17 ယေရှုကလည်း၊ ယောန ၏သားရှိမုန် ၊ သင်သည် ငါ့ ကိုချစ် သလော ဟု တတိယ အကြိမ်မေး တော်မူလျှင်၊ သင်သည်ငါ့ ကိုချစ် သလောဟု သုံး ကြိမ်မြောက်အောင် မေး တော်မူသောကြောင့် ပေတရု သည်စိတ်နာ သဖြင့်၊ သခင် ၊ ကိုယ်တော် သည်ခပ်သိမ်း သောအရာတို့ကိုသိ တော်မူ၏။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ယေရှု က၊ ငါ ၏သိုး တို့ကို ကျွေးမွေး လော့။ 18 ငါအမှန်အကန် ဆို သည်ကား၊ သင်သည်ပျို သော အသက်ရှိ စဉ်ကိုယ်ကိုကိုယ် ပတ်စည်း ၍ အလိုရှိ ရာအရပ် သို့ သွားလာ တတ်၏။ သင်သည် အို သောအခါ လက် နှစ်ဘက်ကိုဆန့် ပြီးလျှင်၊ သူတစ်ပါး သည် သင့် ကို ပတ်စည်း ၍ သင်အလို မ ရှိရာအရပ် သို့ ယူသွား လိမ့်မည် ဟု မိန့် တော်မူ၏။ 19 ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
20 ယေရှု ချစ် တော်မူ၍ အထက်က ညစာ စားသောအခါ၌ ရင် တော်ကိုမှီ ၍လျောင်း လျက်၊ သခင် ၊ ကိုယ်တော် ကို အပ်နှံ သောသူ ကား အဘယ်သူ နည်းဟု မေး သောတပည့် တော်သည်လည်း နောက် တော်သို့ လိုက် သည်ကို ပေတရု သည်လှည့် ၍မြင် လျှင်၊ 21 သခင် ၊ ဤ သူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက် သော်၊ 22 ယေရှု က၊ ငါကြွလာ သည်ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကားငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။ 23 ထို စကားတော်ကိုထောက် လျှင်၊ ညီအစ်ကို တို့က၊ ထို တပည့် တော်သည် မ သေ ရဟုအနှံ့အပြားပြောဆို ကြ၏။ သို့သော်လည်း ထိုသူ သည်မ သေ ရဟု ယေရှု မိန့် တော်မူသည်မ ဟုတ်။ ငါကြွလာ သည် ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူသတည်း။ 24 ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။ 25 သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။
<- ရှင်ယောဟန် 20