9 သူ တို့အဘို့ အလို့ငှာအကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသား တို့အဘို့ အလို့ငှာဆုတောင်း သည်မ ဟုတ်ပါ၊ အကျွန်ုပ် အား ပေး တော်မူသောသူတို့သည် ကိုယ်တော် ၏လူဖြစ် သောကြောင့် ၊ ထိုသူ တို့အဘို့ အလို့ငှာဆုတောင်း ပါ၏။ 10 အကျွန်ုပ် နှင့်စပ်ဆိုင်သောအရာ ရှိသမျှ တို့သည် ကိုယ်တော် နှင့် စပ်ဆိုင် ကြပါ၏။ ကိုယ်တော် နှင့်စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း ၊ အကျွန်ုပ် နှင့်စပ်ဆိုင်၍ ထိုအရာ တို့အားဖြင့် အကျွန်ုပ်သည် ဘုန်း ထင်ရှားပါ၏။ 11 ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။ 12 အကျွန်ုပ် သည် ဤလောက၌ ဤသူ တို့နှင့်တကွ ရှိ စဉ် ကာလ၊ သူ တို့ကိုကိုယ်တော် ၏နာမ ၌ တည် စေပါ ပြီ။ အကျွန်ုပ် အား ပေး တော်မူသောသူတို့ကို အကျွန်ုပ်စောင်မ ပါပြီ။ ထိုသူ တို့တွင် ပျက်စီး ခြင်း၏သား တစ် ယောက်မှတစ်ပါး အဘယ်သူ မျှပျက်စီး ခြင်းသို့မ ရောက်ပါ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား၊ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း။ 13 ယခု တွင် အကျွန်ုပ်သည် ကိုယ်တော် ထံသို့ သွားရ မည်ဖြစ်၍ ၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက် ခြင်းနှင့် ပြည်စုံ မည်အကြောင်း ၊ ဤ စကားကို ဤလောက ၌ အကျွန်ုပ်ပြော ပါ၏။ 14 ကိုယ်တော် ၏နှုတ်ကပတ် တရားကို ဤသူ တို့အား အကျွန်ုပ် ပေး ပါပြီ။ အကျွန်ုပ် သည် ဤလောက နှင့် မ ဆက်ဆံသကဲ့သို့ ဤသူတို့သည် မ ဆက်ဆံသောကြောင့် ၊ လောကီသား တို့သည် ဤသူ တို့ကို မုန်း ကြပါ၏။ 15 ဤသူ တို့ကို ဤလောက မှ နှုတ်ယူ တော်မူမည်အကြောင်း အကျွန်ုပ်တောင်း သည်မ ဟုတ်ပါ။ မကောင်း သော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူမည်အကြောင်း ကိုသာ တောင်းပါ၏။ 16 အကျွန်ုပ် သည် ဤလောက နှင့်မ ဆက်ဆံ သကဲ့သို့ ဤသူ တို့သည် မ ဆက်ဆံကြပါ။ 17 ကိုယ်တော်၏သမ္မာတရား အားဖြင့် သူ တို့ကိုသန့်ရှင်း စေတော်မူပါ။ ကိုယ်တော် ၏နှုတ်ကပတ် သည် သမ္မာတရား ဖြစ် ပါ၏။ 18 ကိုယ်တော်သည်အကျွန်ုပ် ကို ဤလောက သို့ စေလွှတ်တော်မူ သည်နည်းတူ ၊ အကျွန်ုပ် သည် ဤသူ တို့ကို စေလွှတ် ပါ၏။ 19 သမ္မာတရား အားဖြင့် သူ တို့ကို သန့်ရှင်း စေမည်အကြောင်း ၊ အကျွန်ုပ် သည် သူ တို့အဘို့ အလိုငှာ ကိုယ် ကိုသန့်ရှင်း စေပါ၏။
20 ထို သူတို့အဘို့ ကိုသာ အကျွန်ုပ်ဆုတောင်း သည် မ ဟုတ်ပါ၊ သူ တို့ ဟောပြော ခြင်းအားဖြင့် အကျွန်ုပ် ကို ယုံကြည် သောသူ တို့အဘို့ ကိုလည်း ဆုတောင်းပါ၏။ 21 ကိုယ်တော် သည် အကျွန်ုပ် ကိုစေလွှတ် တော်မူသည်ကို လောကီသား တို့သည် ယုံ ကြမည်အကြောင်း ထို သူအပေါင်း တို့သည် တလုံးတဝတည်း ဖြစ် လျက်၊ အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ရှိတော်မူ၍ အကျွန်ုပ် သည် လည်း ကိုယ်တော် ၌ ရှိသကဲ့သို့ ၊ ထိုသူ အပေါင်းတို့သည် ငါ တို့၌ တလုံးတဝတည်းဖြစ် စေခြင်းငှာ ဆုတောင်းပါ၏။ 22 ငါ တို့သည် တလုံးတဝတည်း ဖြစ် သကဲ့သို့ ၊ အကျွန်ုပ် သည်သူ တို့၌ ရှိ၍ ၊ 23 ကိုယ်တော် သည်လည်း၊ အကျွန်ုပ် ၌ ရှိတော်မူသောအားဖြင့်သူတို့သည်တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း ၌ စုံလင် စေခြင်းငှာ ၎င်း၊ ကိုယ်တော် သည် အကျွန်ုပ် ကိုစေလွှတ် တော်မူကြောင်း နှင့် အကျွန်ုပ် ကို ချစ် တော်မူသကဲ့သို့ သူ တို့ကိုလည်းချစ် တော်မူကြောင်း ကို လောကီသား တို့သည် သိ စေခြင်းငှာ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ် အားပေး တော်မူသောဘုန်း အသရေကို အကျွန်ုပ်သည်သူ တို့အား ပေးပါ ပြီ။ 24 အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာ မ တည် မရှိမှီအကျွန်ုပ် ကိုချစ် ၍ အကျွန်ုပ် အား ပေး တော်မူသော ဘုန်း တော်ကို အကျွန်ုပ် အား ပေး တော်မူသောသူ တို့သည် ရှုမြင် ရမည်အကြောင်း ၊ အကျွန်ုပ် ရှိ ရာ အရပ် ၌ အကျွန်ုပ် နှင့်အတူ ရှိ နေစေခြင်းငှာ အကျွန်ုပ်အလိုရှိ ပါ၏။ 25 တရား တော်မူသောအဘ ၊ လောကီသား တို့သည် ကိုယ်တော် ကိုမ သိ သော်လည်း အကျွန်ုပ် သိ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူကြောင်း ကို ထိုသူ တို့သည်သိ ကြပါ၏။ 26 ကိုယ်တော်သည်အကျွန်ုပ် ကိုချစ် တော်မူသောမေတ္တာ သည် သူ တို့၌ ရှိစေခြင်းငှာ ၎င်း၊ အကျွန်ုပ် သည် သူ တို့၌ ရှိ စေခြင်းငှာ၎င်း၊ ကိုယ်တော် ၏နာမ ကို အကျွန်ုပ်သည် သူ တို့အားပြညွှန် ပါပြီဖြစ်၍အစဉ်ပြညွှန်ပါမည် ဟု မိန့်မြွတ် တော်မူ၏။
<- ရှင်ယောဟန် 16ရှင်ယောဟန် 18 ->