Link to home pageLanguagesLink to all Bible versions on this site
47
1 ဖာရော ဘုရင်သည် ဂါဇ မြို့ကို မ လုပ်ကြံ မှီ၊ ဖိလိတ္တိ အမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိ သို့ ရောက်လာ သော နှုတ်ကပတ် တော်အားဖြင့်၊ 2 ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေ သည်ထ ၍ လွှမ်းမိုး သောပင်လယ် ဖြစ် လျက် ၊ တပြည်လုံး နှင့် ၊ ပြည်၌ ပါသမျှ ကို၎င်း ၊ မြို့ နှင့် မြို့၌ နေ သောသူတို့ ကို၎င်းလွှမ်းမိုး ၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူ ပြည်သားတို့သည် မြည်တမ်း ကြ လိမ့်မည်။ 3 ရန်သူ စီးသော မြင်းခွါ သံ ၊ စိုင်းသောရထား ဘီး များ မြည်သံ ကြောင့် ၊ အဘ တို့သည် လက် အားလျော့ ၍ သား တို့ကိုပြန် မ ကြည့်ကြ။ 4 အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။ 5 ဂါဇ မြို့သည်ဆံပင် ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန် မြို့နှင့် ကျန်ကြွင်း သောချိုင့် အရပ်သည်ပျက်စီး ပြီ။ အဘယ်မျှ ကာလပတ်လုံးကိုယ်အသားကို ခုတ်ဖြတ် ရ မည်နည်း။ 6 အို ထာဝရဘုရား ၏ ထား တော်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးမ ငြိမ် ဘဲနေမည်နည်း။ ကိုယ် အိမ် ၌ ဝင် ၍နေလော့။ နေရာကျ ၍ ငြိမ်ဝပ် စွာနေလော့။ 7 အာရှကေလုန် မြို့နှင့် ပင်လယ် ကမ်း အမှု၌ ထာဝရဘုရား မှာထား တော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ် စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါခန့်ထား တော်မူ၏။

<- ယေရမိအနာဂတ္တိကျမ်း 46ယေရမိအနာဂတ္တိကျမ်း 48 ->