9 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် သင်းဖွဲ့ ကြ၏။ 10 ငါ့ စကား ကို ငြင်းပယ် သော ဘိုးဘေး တို့၏ ဒုစရိုက် များကို ပြုအံ့သောငှါ ပြန် သွားကြပြီ။ အခြား တပါး သော ဘုရား တို့ကို ဝတ်ပြု အံ့သောငှါ လိုက် သွားကြပြီ။ သူ တို့၏ ဘိုးဘေး များနှင့် ငါဖွဲ့ သော ပဋိညာဉ် တရားကို ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဖျက် ကြပြီ။ 11 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့မ လွတ် နိုင် သော ဘေး အန္တရာယ်ကို သူ တို့အပေါ် ၌ ငါ သက် ရောက်စေမည်။ သူတို့သည် ငါ့ ကိုအော်ဟစ် သော်လည်း ၊ ငါနား မ ထောင်ဘဲနေမည်။ 12 ထိုအခါယုဒ မြို့ သူရွာသားနှင့် ယေရုရှလင် မြို့သား တို့သည် နံ့သာပေါင်းကို မီးရှို့ ၍၊ ပူဇော်ဘူးသော ဘုရား များထံသို့ သွား၍ အော်ဟစ် သော်လည်း ၊ ဘေး ရောက်ရာကာလ ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မ ပေးဘဲနေကြလိမ့်မည်။ 13 အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။ 14 သို့ဖြစ်၍သင် သည်ဤ လူမျိုး အဘို့ ပဌနာ မ ပြု နှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြုနှင့်။ ဘေး ရောက်သည်ကာလ ၊ သူ တို့ အော်ဟစ် သော စကားကို ငါ နား မ ထောင်။ 15 ငါ ချစ် သောအစ်မသည် များ စွာသောသူတို့ နှင့် မတရား သဖြင့် ပေါင်းဘော် ၍ ၊ ဆိုးညစ်စဉ်တွင်၊ ငါ့ အိမ် နှင့် အဘယ်သို့ ဆိုင် သနည်း။ သင်သည် သန့်ရှင်း သော အမဲသား ကို မပူဇော်ရ။ ဒုစရိုက် ကို ပြုစဉ် တွင်ပင်၊ ဝမ်းမြောက် ပါသည်တကား၊ 16 စိမ်းလန်း လှပ ၍ ကောင်းသော အသီး ကို သီးသောသံလွင် ပင်ဟု၊ သင့် ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီး သော အသံ ဗလံနှင့် ထိုအပင် ကို မီးရှို့ တော်မူ၍ ၊ အခက် အလက်တို့သည် ကျွမ်း လောင်ကြ၏။ 17 ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဗာလ ဘုရားရှေ့ မှာ နံ့သာ ပေါင်းကို မီးရှို့၍၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ မိမိ တို့အဘို့ မကောင်း သောအမှုကို ပြု သောကြောင့် ၊ သင့် ကိုစိုက် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ သင် ၌ အမှု ရောက် မည် အကြောင်းမိန့် တော်မူပြီ။ 18 ထာဝရဘုရား သည် ငါ့ အား ဗျာဒိတ် ပေးတော်မူသောကြောင့် ငါသိ ရ၏။ သူ တို့ပြုသောအမှု များကို ကိုယ်တော်သည် ပြ တော်မူပြီ။ 19 အသေသတ် ခြင်းငှါ ဆောင်သွား သော သိုး သငယ် ယဉ် ကဲ့သို့ ငါ ဖြစ်၏။ သူတို့က၊ သူ ၏နာမ ကို ရှင်းရှင်း ပျောက်စေခြင်းငှါ ၊ အသီး အကင်းနှင့် တကွအပင် ကို ရှင်းရှင်းဖျက် ၍၊ အသက် ရှင်သောသူတို့၏ နေရာ မှ သူ့ ကိုပယ်ဖြတ် ကြကုန်အံ့ဟု၊ ငါ့ တဘက် ၌ မကောင်းသော အကြံ နှင့် ကြံစည် ကြောင်းကို ငါမ သိ ။ 20 နှလုံး ကျောက်ကပ် ကို စစ်ကြော ၍၊ တရား သဖြင့် စီရင် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့အား အပြစ် ပေးတော်မူ ကြောင်းကို အကျွန်ုပ်မြင် လိုပါ၏။ အကျွန်ုပ် အမှု ကို ကိုယ်တော် အား ကြား လျှောက်ပါပြီ။ 21 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အာနသုတ် မြို့သား တို့က၊ သင်သည် ငါ တို့လက် ဖြင့် မ သေ ရမည်အကြောင်း ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ပရောဖက် မ ပြုနှင့်ဟုဆို လျက်၊ သင် ၏အသက် ကို ရှာ ကြ သောကြောင့်၊ 22 ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် ၍ သေ ကြလိမ့်မည်။ 23 တစုံတယောက်မျှ မ ကြွင်း ရ။ ထိုသို့စစ်ကြော ရာ ကာလ တည်းဟူသောဘေး ဥပဒ်ကို အာနသုတ် မြို့သား တို့အပေါ် သို့ ငါသက်ရောက် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
<- ယေရမိအနာဂတ္တိကျမ်း 10ယေရမိအနာဂတ္တိကျမ်း 12 ->