Link to home pageLanguagesLink to all Bible versions on this site
15
1 မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။ 2 ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။ 3 လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။ 4 ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။ 5 ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။ 6 အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည် ဆိတ်ညံ ၍၊ မြက်ပင် များ သွေ့ ခြောက်ခဲ့ပြီ။ ပျိုး ပင်များ လည်း သေ ခဲ့ပြီ။ စိမ်း သောအပင် တပင်မျှမ ရှိ။ 7 ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူး သော ဥစ္စာ ၊ သိုထားသောဘဏ္ဍာ များကို မိုဃ်းမခ ပင် ချိုင့် သို့ ယူ သွားကြလိမ့်မည်။ 8 ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။ 9 အကြောင်း မူကား၊ မုဒိန် မြို့ရေ တို့သည် အသွေး နှင့်ပြည့် ကြ၏။ ဒိဇုန် မြို့အပေါ် မှာ အခြား သော ဘေးများ ကို၎င်း၊ လွတ်အောင်ပြေး သော မောဘ ပြည်သားနှင့် ကျန် ကြွင်းသော ပြည် သားအပေါ် မှာ ခြင်္သေ့ တို့ကို၎င်း ငါရောက် စေမည်။

<- ဟေရှာယအနာဂတ္တိကျမ်း။ 14ဟေရှာယအနာဂတ္တိကျမ်း။ 16 ->