Link to home pageLanguagesLink to all Bible versions on this site
12
1 ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါ တို့ကို ဝိုင်းရံ လျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်း သော ဝန် တို့ကို၎င်း ၊ နှောင့်ရှက် တတ်သောဒုစရိုက် ကို၎င်း ပယ်ရှား ၍၊ ငါ တို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင် သို့ရောက်ခြင်းငှာ၊ အားမလျော့ ဘဲ ပြေး ကြကုန်အံ့ 2 ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏ 3 အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့ 4 သင်တို့သည် ဒုစရိုက် အပြစ်ကို ဆိုင်ပြိုင် တိုက်လှန် ၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မ ခံရကြ သေး 5 ထိုမှတစ်ပါး ၊ ငါ့ သား ၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါစိတ် မ ပျက်နှင့် 6 ထာဝရ ဘုရားသည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ လက်ခံ တော်မူသမျှ သော သား တို့ ကို ဒဏ်ခတ် တော်မူတတ်၏ဟု သူငယ် တို့ကို ဆို သကဲ့သို့ ၊ သင် တို့ကို ပြောဆိုသောဩဝါဒစကား ကို မေ့လျော့ ကြ သလော 7 သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံ လျှင် ၊ သား တို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင် သည်သင် တို့ကို ပြု တော်မူ၏။ အကြောင်းမူကား ၊ အဘ မ ဆုံးမ သောသား တစ်စုံတစ်ယောက်ရှိသလော 8 သားအပေါင်း တို့သည် ခံ တတ်သောဆုံးမ ခြင်းကို သင် တို့သည် မ ခံဘဲနေလျှင် ၊ သား ရင်းမ ဟုတ်၊ မင်းဦးမင်းလွင်ရသော သား ဖြစ် ကြ၏ 9 တနည်း ကား၊ ကိုယ် ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမ ခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေ ကြ၏။ ထိုမျှမက ၊ စိတ် ဝိညာဉ်တို့၏ အဘ အလိုသို့လိုက် ၍၊ အသက် ချမ်းသာရကြမည် မဟုတ်လော 10 အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိ အလို သို့လိုက် ၍ တခဏ သာဆုံးမ ပေးကြ၏။ ကိုယ်တော် မူကား ၊ မိမိ သန့်ရှင်း ခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှာ ၊ ငါတို့အကျိုး ကိုထောက် ၍သာ ဆုံးမပေးတော်မူ၏ 11 ဆုံးမ ခြင်းမည်သည်ကား၊ ခံရ စဉ်အခါဝမ်းမြောက် စရာမ ထင် ၊ ဝမ်းနည်း စရာထင် တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းအကျိုး ကို ခံရ ကြ၏ 12 ထိုကြောင့် ၊ တွဲလွဲ နေသောလက် တို့နှင့် အား မရှိသောဒူး တို့ကို ခိုင်ခံ့ စေကြလော့ 13 ခြေမစွမ်း သောသူ တို့သည် အဆစ်မ ပြုတ် သည် သာမက ၊ ချမ်းသာ ရစေခြင်းငှာ ၊ သင် တို့သွားဘို့ရာဖြောင့် သောလမ်း တို့ကို ပြင်ဆင် ကြလော့ 14 လူအပေါင်း တို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက် ခြင်းကို၎င်း၊ သန့်ရှင်း ခြင်းပါရမီကို၎င်း၊ မှီအောင် လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမ ရှိလျှင်၊ အဘယ်သူ မျှ ထာဝရ ဘုရားကို မဖူး မမြင်ရ 15 သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင် ၏ ကျေးဇူး တော်ကို မ ရဘဲမနေစေခြင်းငှာ၎င်း ၊ ခါး စွာသော ပင် မြစ်ပေါက် ၍ သင်တို့နှောင့်ရှက် သဖြင့်၊ လူအများ တို့သည် အပြစ်နှင့်မညစ်ညူး စေခြင်းငှာ၎င်း 16 မတရား သော မေထုန်မှီဝဲသောသူမ ရှိစေခြင်းငှာ၎င်း ၊ တနပ်စာ အဘိုးနှင့်သားဦး အရာကို ရောင်း သော ဧသော ကဲ့သို့ ဘုရားတရားကို မရိုမသေ ပြုသောသူ မ ရှိစေခြင်းငှာ၎င်း၊ သတိနှင့်ကြည့်ရှု ကြလော့ 17 သင်တို့သိ သည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီး မင်္ဂလာကိုအမွေခံ ခြင်းငှာအလိုရှိ သောအခါ ၊ ငြင်းပယ် ခြင်းကိုခံရ၏။ မျက်ရည် ကျ၍ ကောင်းကြီး မင်္ဂလာကိုအလွန်ရှာ သော်လည်း ၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်းအခွင့် ကို မ တွေ့ မရ 18 ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့ နိုင်သော တောင်သို့၎င်း၊ လောင် သောမီး သို့၎င်း၊ မည်း သော တိမ်တိုက်၊ မှောင်မိုက် ၊ မိုဃ်းသက်မုန်တိုင်း သို့၎င်း 19 တံပိုး မှုတ်ခြင်းအသံ သို့၎င်း ၊ နှုတ်ကပတ် တော် အသံ သို့၎င်း၊ ရောက် ကြသည်မ ဟုတ်။ ထိုအသံ တော်ကို ကြား သောသူတို့သည်၊ ထပ် ၍ မိန့် တော်မ မူမည်အကြောင်းတောင်းပန် ကြ၏ 20 အဘယ်ကြောင့် နည်းဟူမူကား၊ တိရစ္ဆာန် သော်လည်း ထိုတောင် ကို ထိမိ လျှင်၊ ကျောက်ခဲ နှင့်ပစ်၍ သေစေဟုပညတ် တော်မူသံကို လူတို့သည်နား မ ခံနိုင်ကြ 21 ထိုသို့ ထင်ရှား ကြသောအရာသည် အလွန်ကြောက်မက် ဘွယ်ဖြစ် ၍၊ မောရှေ က၊ ငါ သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းရှိသည်ဟုဆို ၏ 22 သင်တို့သည် ဇိအုန် တောင် သို့၎င်း ၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏ မြို့ တော်တည်းဟူသောကောင်းကင် ယေရုရှလင် မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင် တမန်တို့၏ စည်းဝေး ခြင်းသို့၎င်း၊ 23 ကောင်းကင် စာရင်း ၌ ဝင်သော သားဦး တို့၏ အသင်းတော် သို့၎င်း ၊ ခပ်သိမ်း သောသူတို့ကို တရား စီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း ၊ စုံလင် ခြင်းသို့ရောက်သောသူတော်ကောင်း တို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း ၊ 24 ပဋိညာဉ် တရားသစ် ၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း ၊ အာဗေလ ၏ အသွေး ပြောဆို သောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ် ခြင်း၏ အသွေးထံသို့၎င်း ရောက် ကြ၏ 25 သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း 26 အထက် ကဗျာဒိတ်တော်အသံ သည် မြေကြီး ကိုလှုပ် သည် ဖြစ်၍၊ ယခု တဖန် ငါ သည် မြေကြီး နှင့် ကောင်းကင် ကိုလှုပ် ဦးမည်ဟု ဂတိ တော်ရှိ ၏ 27 တဖန် ဟူသောစကား၏အဓိပ္ပါယ်ကား၊ မ လှုပ် သောအရာ တို့ကို တည် စေခြင်းငှာ ၊ လှုပ် သောအရာ တို့ကို လောကီအရာကဲ့သို့ ပယ်ဖျက် လိမ့်မည်ဟု ဆိုလို သတည်း 28 ထိုကြောင့် ၊ ငါတို့သည်မ လှုပ်နိုင်သောနိုင်ငံ ကိုရ သည်ဖြစ်၍၊ ခန့်ညား ကြောက်ရွံ့ သောသဘောနှင့် ဘုရားသခင် ကို လျောက်ပတ် စွာ ဝတ်ပြု နိုင်မည်အကြောင်း ၊ ကျေးဇူး တော်ကို စွဲလမ်း ကြကုန်အံ့ 29 ငါ တို့ဘုရားသခင် သည် လောင် သောမီး ဖြစ် တော်မူ၏။

<- ဟေဗြဲဩဝါဒစာစောင် 11ဟေဗြဲဩဝါဒစာစောင် 13 ->