1 တဖန်တုံ ၊ အချင်းလူသား ၊ ထက် သောထား တည်းဟူသော၊ ဆတ္တာသည် ၏သင်တုန်း ကိုယူ ၍ ၊ ကိုယ် ဆံပင် နှင့် မုတ်ဆိတ် ကို ရိတ် ပြီးမှ ၊ ချိန်ခွင် နှင့် ချိန်၍ အစုစုခွဲ ထားလော့။ 2 မြို့ ကို ဝိုင်း ထားရာ ကာလ စေ့ သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့ လော့။ တစု ကိုထား နှင့် ခုတ် ဖြတ်လော့။ တစု ကို လေ တိုက်ရာ၌ လွှင့် လော့။ ငါသည်လည်း ထို အစုနောက် သို့ ထား ကိုလွှတ် လိုက်မည်။ 3 အနည်းငယ် ကိုလည်း ယူ ၍ ကိုယ် အဝတ် နှင့် ထုပ် လော့။ 4 ထိုအနည်းငယ်အချို့ကိုလည်း ယူ ပြန် ၍ မီးရှို့ လော့။ ထိုမီး သည် ဣသရေလ အမျိုး ကို နှံ့ပြား လိမ့်မည်ဟု မိန့်တော်မူ၏။ 5 တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင် မြို့ဖြစ်၏။ ပတ်လည် ၌ ရှိသောတိုင်း ပြည်များတို့အလယ် မှာ ထိုမြို့ ကို ငါထား ၍ ၊ 6 ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။ 7 သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင် သောကြောင့်၎င်း ၊ ငါ ၏စီရင် ချက်လမ်းသို့ မ လိုက် ၊ ငါ ၏ပညတ် တရား ကိုမ စောင့်ရှောက် ၊ ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့၏ထုံးစံ ဓလေ့သို့လိုက်သောကြောင့်၎င်း ၊ 8 ငါ သည်ကိုယ်တိုင် သင့် တဘက် ၌ နေ ၍ ၊ တပါး အမျိုးသား တို့ရှေ့ မှာ သင် ၌ အပြစ် ဒဏ်ကိုစီရင်မည်။ 9 သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။ 10 သင် ၏အလယ် ၌ အဘ တို့သည် သား တို့ကို စား ကြလိမ့်မည်။ သား တို့သည်လည်း အဘ တို့ကိုစား ကြ လိမ့်မည်။ သင် ၌ အပြစ်ဒဏ် ကို စီရင် ၍ ၊ ကျန်ကြွင်း သမျှ ကို အရပ်ရပ် တို့က လာသောလေ ရှေ့မှာ ငါလွှင့် မည်။ 11 ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။ 12 သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။ 13 ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။ 14 ထိုမှတပါး ၊ အနားမှာရှောက်သွား သမျှ သောသူတို့ ရှေ့ တွင် သင့် ကိုလူဆိတ်ညံ ရာ၊ ပတ်လည် ၌နေသော လူ အမျိုးမျိုးတို့၏ ကဲ့ရဲ့ ရာ ဖြစ် စေမည်။ 15 ဒေါသအမျက်အရှိန်အားဖြင့်သင် ၌ ပြင်းစွာ သော အပြစ် ဒဏ်ကို ငါ စီရင် သောအခါ ၊ ပတ်လည် ၌ နေသော လူ အမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ် လိမ့်မည်။ ထိုသို့ငါ ထာဝရ ဘုရား မိန့် တော်မူ၏။ 16 သင် တို့ကို ဖျက်ဆီး ခြင်းငှါ မွတ်သိပ် ခြင်း ဘေးတည်းဟူသောမြှား ဆိုးတို့ကို ငါလွှတ် လိုက်သောအခါ ၌၎င်း ၊ သင် တို့တွင် မွတ်သိပ် ခြင်းဘေးကို တိုးပွါး စေ၍ ၊ မုန့် အထောက် အပင့်ကို ငါချိုး သောအခါ ၌၎င်း ၊ 17 သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။
<- ယေဇကျေလအနာဂတ္တိကျမ်း 4ယေဇကျေလအနာဂတ္တိကျမ်း 6 ->