15
1 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2 အချင်းလူသား ၊ သစ်တော ၌ သစ်ခက် သာမညဖြစ် သော စပျစ် နွယ်သား သည် အခြားသောသစ်သား ထက် မြတ်သောအရာ တစုံ တခုရှိ သလော ။ 3 တစုံ တခုကို လုပ် အံ့သောငှါ စပျစ်နွယ်သား ကို ယူ တတ်သလော ။ တစုံတခု ကို ဆွဲထား စရာ တံစို့ ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။ 4 ထင်း ဘို့ မီး ထဲသို့ ချ တတ်၏။ မီး သည်လည်း အရင်း အဖျားအလယ် ကို လောင် တတ်၏။ အသုံး ဝင် တတ်သလော ။ 5 မီး မလောင်မှီအသုံး မ ဝင်လျှင်၊ မီး လောင် ၍ ကျွမ်း ပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။ 6 ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ တော သစ်ပင် တွင် မီး မွေးစရာ ထင်း ဘို့ ငါ အပ် သော စပျစ် နွယ်သား ကဲ့သို့ ၊ ယေရုရှလင် မြို့ သားတို့ကို ငါအပ် မည်။ 7 သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကိုထား မည်။ သူ တို့သည် မီး တပုံမှ ထွက် ၍ တပုံ ၌လောင် လိမ့်မည်။ သူ တို့တဘက် ၌ ငါ သည် မျက်နှာ ကို ထား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။ 8 သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့် ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
<- ယေဇကျေလအနာဂတ္တိကျမ်း 14ယေဇကျေလအနာဂတ္တိကျမ်း 16 ->