23
1 သင်သည် မှား သော သိတင်း စကားကို မ ကြား မပြောရ။ မတရား သောသူတို့နှင့် ဝိုင်းညီ၍ မ မှန်သော သက်သေ ကို မ ခံ ရ။ 2 လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။ 3 ဆင်းရဲ သောသူဘက်၌လည်း မ ငဲ့ကွက် ရ။ 4 သင် သည် ရန်သူ ၏မြင်း နွား လမ်း လွဲသည်ကို တွေ့မြင် လျှင် ၊ အမှန်ပြန်ပို့ ရမည်။ 5 သင့် ကို မုန်း သောသူ ၏မြည်း သည်၊ မိမိ ဆောင်ရွက်သော ဝန် အောက် မှာ လဲ နေသည်ကို တွေ့မြင် လျှင် ၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစ ရမည်။ 6 သင် ၌ ဆင်းရဲ သောသူသည် တရား တွေ့သောအခါ ၊ သူ့ကို မတရား သဖြင့် မ စီရင် ရ။ 7 မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား သောသူကို အပြစ်မ လွှတ်။ 8 သင်သည် တံစိုး မ စား ရ။ တံစိုး သည် ပညာရှိ တို့၏မျက်စိကို ကွယ် စေ၍ ၊ ဖြောင့်မတ် သောသူတို့၏ စကား ကို လွဲ စေတတ်၏။ 9 တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏စိတ် သဘောကို သိ ကြ၏။ 10 ခြောက် နှစ် ပတ်လုံးလယ် လုပ် ၍ အသီး ကို သိမ်း ရမည်။ 11 သတ္တမ နှစ်တွင် လယ် ကို မလုပ် ဘဲ အလွတ် ထားရမည်။ သို့ပြုလျှင် ဆင်းရဲ သောအမျိုးသား ချင်းတို့သည်၊ စား ရသောအခွင့် ရှိလိမ့်မည်။ ကြွင်း သောအရာကိုလည်း ၊ မြေ တိရစ္ဆာန် တို့သည် စား ရကြလိမ့်မည်။ ထိုနည်းတူ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်ကိုလည်း ပြု ရမည်။ 12 ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။ 13 ငါပညတ် သမျှ တို့၌ သတိပြု ကြလော့။ အခြား သောဘုရား ၏ နာမ ကို မ မြွက် မဆိုနှင့်။ သင် ၏နှုတ် ထဲက မြွက်သံကို သူတပါးမ ကြား စေနှင့်။ 14 တနှစ် တွင် သုံး ကြိမ် ငါ့ အဘို့ ပွဲခံ ရမည်။ 15 ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။ 16 လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။ 17 သင် တို့တွင် ယောက်ျား အပေါင်း တို့သည်၊ တနှစ် လျှင် သုံး ကြိမ် ထာဝရ အရှင်ဘုရားသခင့် ရှေ့ တော်၌ မျက်နှာ ပြရကြမည်။ 18 ငါ့ ယဇ်ကောင် ၏ အသွေး ကို၊ တဆေး ပါသောမုန့်နှင့် ရော၍ မ ပူဇော် ရ။ ငါ့ ယဇ်ကောင် ဆီဥ ကို နံနက် တိုင်အောင် မ ကြွင်း စေရ။ 19 သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ချက် မပြုတ်ရ။ 20 ကြည့်ရှု လော့။ လမ်း ခရီး၌ သင့် ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင် နှင့်သော အရပ် သို့ ပို့ စေခြင်းငှာ ၊ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ ငါ စေလွှတ် ၏။ 21 ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။ 22 အကယ်စင်စစ်သင်သည် သူ့ စကား ကို နားထောင် ၍ ငါပညတ် သမျှ အတိုင်း ပြု လျှင် ၊ သင် ၏ ရန်သူ တို့ကို ငါသည် ရန်ဘက် ပြုမည်။ သင့် ကို ဆီးတား သောသူတို့ကိုလည်း ငါဆီးတား မည်။ 23 ငါ့ တမန် သည် သင့် ရှေ့ ၌သွား ၍ သင့် ကို အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိလူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ရှိရာသို့ ဆောင် သွင်း၍ ၊ သူ တို့ကို ပယ်ရှင်း မည်။ 24 သူ တို့ဘုရား များကို ဦး မ ချဝတ် မ ပြုရ။ သူ တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။ 25 သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ရမည်။ သင် ၏မုန့် ကို၎င်း ၊ ရေ ကို၎င်း၊ ကောင်းကြီး ပေး တော်မူမည်။ အနာရောဂါ ကိုလည်း သင် ၏အထဲ က နှုတ်ယူ ပယ်ရှားတော်မူမည်။ 26 သင် ၏ပြည် တွင် ကိုယ်ဝန် ပျက်သော သတ္တဝါ၊ မြုံ သောသတ္တဝါနှင့် ကင်းလွတ် လိမ့်မည်။ သင် ၏အသက် တန်း ကို ငါစုံလင် စေမည်။ 27 ငါ့ ကိုကြောက် တတ်သော သဘောကို သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်း သောလူမျိုး ကို ငါဖျက်ဆီး မည်။ သင် ၏ရန်သူ အပေါင်း တို့ကို နောက် သို့ လှည့်စေ မည်။ 28 ပျားတူ များကိုလည်း သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူတို့ကို သင့် ရှေ့ မှာ နှင်ထုတ် ကြလိမ့်မည်။ 29 ထိုလူများကို တ နှစ်ခြင်းတွင် သင့် ရှေ့ မှာ ငါမ နှင်ထုတ်။ သို့ပြုလျှင်ပြည် သည် လူဆိတ်ညံ ၍ သားရဲ သည် သင့် တဘက်၌ များပြား လိမ့်မည်။ 30 သင်သည် တိုးပွား ၍ တပြည် လုံးကို ဝင်စား သည်တိုင်အောင် ၊ သူ တို့ကို သင့် ရှေ့ မှာ ဖြည်းဖြည်း ငါနှင်ထုတ် မည်။ 31 သင့် နေရာ နယ် အပိုင်းအခြားကို၊ ဧဒုံ ပင်လယ် မှ သည် ဖိလိတ္တိ ပင်လယ် တိုင်အောင် ၎င်း ၊ တော မှ သည် မြစ် တိုင်အောင် ၎င်း ငါမှတ်သား မည်။ ထိုအရပ် သား များကို သင့် လက် သို့ ငါအပ် ၍၊ သင်သည် နှင်ထုတ် ရ လိမ့်မည်။ 32 သူ တို့နှင့် ၎င်း၊ သူ တို့ဘုရား များနှင့်၎င်း၊ သင် သည် မိဿဟာယ မ ဖွဲ့ ရ။ 33 သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
<- ထွက်မြောက်ရာကျမ်း 22ထွက်မြောက်ရာကျမ်း 24 ->