18
1 ဘုရား သခင်သည် မောရှေ မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ ကို ၎င်း၊ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ် ပုရောဟိတ်ဖြစ်သောမောရှေ ၏ယောက္ခမ ယေသရော ကြား သည်ရှိသော်၊ 2 မောရှေလွှတ်ခဲ့သောမယားနှင့် 3 သူ ၏သား နှစ် ယောက်ကို ယူ၍ သွားလေ၏။ သားတယောက် ကား၊ ဂေရရှုံ အမည် ရှိ၏။ အကြောင်းမူကား ၊ ငါသည် တကျွန်း တနိုင်ငံ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟု အဘဆို သတည်း။ 4 သားတယောက်ကား၊ ဧလျေဇာ အမည် ရှိ၏။ အကြောင်း မူကား၊ ငါ့ ဘိုးဘေး တို့၏ ဘုရားသခင် သည် ငါ့ ကို မစ ၍ ဖာရော ဘုရင်၏ ထား မှ ကယ်လွှတ် တော်မူပြီဟု ဆိုသတည်း။ 5 မောရှေ ၏ ယောက္ခမ ယေသရော သည် မောရှေ မယား နှင့် သား တို့ကို ယူ၍၊ တော ၌ ဘုရား သခင်၏ တောင် တော်နား၊ မောရှေ တပ်ချ ရာအရပ်သို့ ရောက် လာလျှင် ၊ 6 ကိုယ်တော် ၏ယောက္ခမ ယေသရော နှင့် ကိုယ်တော် ၏ မယား ၊ သား နှစ် ယောက်တို့သည် ကိုယ်တော် ထံ သို့ရောက် လာပါပြီဟု မောရှေ အား ကြား ပြောသော် ၊ 7 မောရှေ သည် ယောက္ခမ ကို ခရီးဦးကြိုပြု ခြင်းငှာ ထွက် ၍ ဦးချ နမ်း ရှုပ်လျက် ၊ ကျန်းမာ ကြောင်း ကို တ ယောက်နှင့်တယောက် မေးမြန်း လျက် တဲ သို့ ဝင် ကြ၏။ 8 ထာဝရဘုရား သည် ဣသရေလ အမျိုးအတွက် ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့၌ ပြု တော်မူသမျှ ကို ၎င်း၊ လမ်းခရီး တွင် ခံ ရသောဆင်းရဲ ဒုက္ခအလုံးစုံ ကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ် တော်မူကြောင်းကို၎င်း၊ မောရှေ သည် ယောက္ခမ အား ကြားပြော လေ၏။ 9 ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍၊ ပြု တော်မူသောကျေးဇူး ကြောင့် ယေသရော သည် ဝမ်းမြောက် လျက် ၊ 10 အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 11 ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊ 12 မောရှေ ၏ ယောက္ခမ ယေသရော သည်၊ မီးရှို့ စရာယဇ်နှင့် ဘုရား သခင်အဘို့ ယဇ် များကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့သည်၊ မောရှေ ၏ ယောက္ခမ နှင့် အတူဘုရား သခင့်ရှေ့ တော်၌ အစာ စား ခြင်းငှာ လာ ကြ၏။ 13 နက်ဖြန် နေ့၌ မောရှေ သည်၊ လူ များကို တရား စီရင်ခြင်းငှာ ထိုင် လေ၏။ နံနက် မှစ၍ ညဦး တိုင်အောင် ၊ လူ များတို့သည် မောရှေ ရှေ့ မှာ နေ ကြ၏။ 14 မောရှေ သည် လူ များတို့အား ပြု သမျှ ကို ယောက္ခမ မြင် လျှင် ၊ ဤ လူ များတို့အား ပြု သောအမှု အဘယ် သို့နည်း။ သင် သည် တယောက်တည်းထိုင် လျက် ၊ လူ အပေါင်း တို့သည် နံနက် မှစ၍ ညဦး တိုင်အောင် သင့် ရှေ့ မှာ အဘယ် ကြောင့်နေ ရကြသနည်းဟု ဆို ၏။ 15 မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။ 16 သူ တို့သည် အမှု ရှိ လျှင် အကျွန်ုပ် ထံ သို့လာ ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ် ရ၏။ ဘုရား သခင်၏ ပညတ် တရား များကို သင် ချရ၏ဟု ယောက္ခမ အား ပြော လျှင် ၊ 17 ယောက္ခမ က၊ သင် ပြု သော အမှု သည် မ တော် မသင့်ဖြစ်၏။ 18 သင် မှစ၍ သင် ၌ ပါသော ဤ လူ များတို့သည် အမှန် အားလျော့ ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက်တည်း မ တတ် နိုင်သောအမှု ဖြစ်၏။ 19 ငါ့ စကား ကို နားထောင် လော့။ ငါအကြံ ပေးမည်။ ဘုရား သခင်သည်လည်း သင့် ဘက်၌ ရှိ တော်မူလိမ့်မည်။ သင် သည် ဘုရား သခင်နှင့်ဆိုင် သော အမှု ၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရား သခင်အထံ တော်သို့ ဝင်၍ လျှောက်ရမည်။ 20 သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။ 21 ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။ 22 ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ များတို့ကို တရား စီရင်ကြစေ။ ကြီး သောအမှု ၌ သင် ၏အယူ ကို ခံကြစေ။ ငယ် သောအမှု ကို အလိုလို စီရင် ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်း သဖြင့် သင် သည် သက်သာ လိမ့်မည်။ 23 ထိုသို့ ဘုရား သခင်အခွင့် နှင့် ပြု လျှင် သင်သည် ခိုင်ခံ့ လိမ့်မည်။ ဤ လူ အပေါင်း တို့သည် မိမိ နေရာ ပြည် သို့ ငြိမ်ဝပ် စွာ သွား ကြလိမ့်မည်ဟု ပြော ဆို၏။ 24 မောရှေ သည်လည်း ယောက္ခမ ၏စကား ကို နားထောင် ၍ စကား ရှိသည်အတိုင်း ပြု လျက်၊ 25 တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။ 26 ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ တို့ကို တရား စီရင်ကြ၏။ ခက် သောအမှု ၌ မောရှေ ၏အယူ ကို ခံကြ၏။ လွယ် သောအမှု ကို အလိုလို စီရင် ကြ၏။ 27 ထိုနောက် မောရှေ သည် ယောက္ခမ သွားရသောအခွင့် ကိုပေး ၍ ၊ သူသည် မိမိ နေရာ သို့ သွား လေ၏။
<- ထွက်မြောက်ရာကျမ်း 17ထွက်မြောက်ရာကျမ်း 19 ->