12
1 ငါ နေ၍ မ ပြော နိုင်ဟုဆိုရသော ကာလ သည် မနီး၊ ဆိုး သောကာလ မ ရောက် မှီ၊ ယခုအသက် ပျိုစဉ်အခါ ပင်၊ သင့် ကို ဖန်ဆင်း တော်မူသောအရှင်ကို အောက်မေ့ လော့။ 2 နေ နှင့် အလင်း ၊ လ နှင့် ကြယ် တို့သည် ကွယ်၍ မိုဃ်း ရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။ 3 ထိုကာလ ၌ အိမ် စောင့် တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့ သောသူ တို့ သည် အားလျော့ ကြလိမ့်မည်။ ဆန် ကြိတ် သောသူတို့သည် နည်း သောကြောင့် ရပ် ကြ လိမ့်မည်။ ပြတင်းပေါက် ဖြင့် ကြည့် သောသူတို့ သည် အလင်း ကွယ်ကြလိမ့်မည်။ 4 ကြိတ် သံ လျော့ သောအခါ ၊ လမ်း နား မှာ တံခါးရွက် တို့သည် စေ့ လျက်ရှိလိမ့်မည်။ ငှက် သံ ကိုကြားသောအခါ ၊ စောစောထ လိမ့်မည်။ သီချင်း သည်မ အပေါင်း တို့ သည် အသံ သေးကြလိမ့်မည်။ 5 ထို ကာလ၌ မြင့် သောအရာတို့ကို ကြောက် ကြ လိမ့်မည်။ လမ်း ၌ ဘေး တွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံ ပင်ပွင့် လိမ့်မည်။ ကျိုင်းကောင် သည် မိမိ ၌မိမိ လေးလိမ့်မည်။ အလို ဆန္ဒလျော့ လိမ့်မည်။ အကြောင်း မူကား၊ လူ သည်ထာဝရ နေရာ သို့ သွား ဆဲရှိ၍ ၊ ငို ခြင်းသည် တို့သည် လမ်း တို့၌ လှည့်လည် ကြ၏။ 6 ငွေ ကြိုး ပြုတ် ခြင်း၊ ရွှေ ဖလား ကွဲ ခြင်း၊ စမ်းရေ တွင်း ၌ ရေပုံး ပေါက် ခြင်း၊ ရေကျင်း နား မှာစက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။ 7 ထိုကာလ၌ မြေမှုန့် သည် နေရင်းမြေ သို့ ၎င်း၊ ဝိညာဉ် သည် အရင်ပေး တော်မူသောဘုရား သခင့်ထံသို့ ၎င်း ပြန် သွားရလိမ့်မည်။ 8 အနတ္တ သက်သက်၊ အလုံးစုံ တို့သည် အနတ္တ ဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာ ဟော ၏။ 9 ဓမ္မဒေသနာဆရာ သည် ပညာရှိ သည်အတိုင်း ၊ ပရိသတ် တို့အား ပညာ အတတ်ကို သွန်သင် လေ့ရှိ၏။ လုံ့လ ဝိရိယပြုလျက် များစွာ သော သုတ္တံ စကားတို့ကို ရှာဖွေ ၍စီရင်၏။ 10 ဓမ္မဒေသနာဆရာ သည် နားထောင် ဘွယ်သော စကား ကိုရှာ ၍ ၊ ရေးထား ချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာ စကား ဖြစ်၏။ 11 ပညာရှိ သောသူ၏စကား သည် တုတ်ချွန် နှင့် ၎င်း၊ တပါး တည်းသော သိုးထိန်း ကြီးအပ်ပေး တော်မူ၍ ၊ ပရိသတ် အုပ်တို့ ရိုက် ထားသောသံချွန် နှင့် ၎င်း တူ၏။ 12 တဖန်တုံ ၊ ငါ့ သား ၊ ထိုသို့သောစကားအားဖြင့်ဆုံးမ ခြင်းကိုခံ လော့။ စာ များကိုစီရင် ၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ် ကိုနှောင့်ရှက် သောအမှုဖြစ်၏။ 13 အချုပ်အခြာ စကား ဟူမူကား၊ ဘုရား သခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ် တော်တို့ကို စောင့်ရှောက် လော့။ ဤ ရွေ့ကား၊ လူ နှင့်ဆိုင်သော အမှုအရာအလုံးအစုံ တို့ကို ချုပ်ခြာသတည်း။ 14 အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။
<- ဒေသနာကျမ်း။ 11