24
1 တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။ 2 ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။ 3 နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊ 4 အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။ 5 အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။ 6 ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။ 7 လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။ 8 နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။ 9 သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။ 10 သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။ 11 သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။ 12 ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။ 13 သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။ 14 အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။ 15 နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။ 16 အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။ 17 တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။ 18 သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။ 19 သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။ 20 သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။ 21 သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။ 22 သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
<- တရားဟောရာကျမ်း 23တရားဟောရာကျမ်း 25 ->