1 အာဗနာ သည် ဟေဗြုန် မြို့၌ သေ ကြောင်း ကို ရှောလု ၏သား သည် ကြား သော် အားလျော့ ၏။ ဣသရေလ လူအပေါင်း တို့သည် ပူပန် သောစိတ်ရှိကြ၏။ 2 ရှောလု ၏သား ၌ ဗာနာ နှင့် ရေခပ် အမည် ရှိသောသူတည်းဟူသောတပ်မှူး နှစ် ယောက်ရှိ ၏။ သူတို့ သည် ဗင်္ယာမိန် အမျိုး ဗေရောသိ အနွယ်ရိမ္မုန် ၏သား ဖြစ်ကြ ၏။ ဗေရုတ် မြို့သည် ဗင်္ယာမိန် ခရိုင်အဝင်ဖြစ်သော်လည်း၊ 3 ဗေရောသိ လူတို့သည် ဂိတ္တိမ် မြို့သို့ ပြေး ၍ ယနေ့ တိုင်အောင် တည်းခို လျက် နေ ကြသတည်း။ 4 ရှောလု ၏သား ယောနသန် ၌ ခြေဆွံ့ သော သား တယောက်ရှိရစ်၏။ သူသည် အသက်ငါး နှစ် ရှိ သောအခါ ၊ ယေဇရေလ မြို့မှ ရှောလု နှင့် ယောနသန် တို့၏ သိတင်း ကိုကြားလျှင်၊ အထိန်း သည် သူ့ ကိုချီ ၍ ပြေး စဉ်တွင်၊ အလျင်အမြန် ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏။ ထိုသူငယ် ၏အမည် ကား မေဖိဗောရှက် တည်း။ 5 ဗေရောသိ အမျိုး ရိမ္မုန် ၏သား ရေခပ် နှင့် ဗာနာ တို့ သည် ဣရှဗောရှက် အိမ် သို့ သွား ၍ မွန်းတည့် အချိန်၌ ရောက် ၏။ ထိုအချိန်၌ ဣရှဗောရှက် သည် အိပ် တတ်၏။ 6 ထိုညီ အစ်ကိုရေခပ် နှင့် ဗာနာ တို့သည် စပါး ကို ထုတ် ဟန်ဆောင်၍ အိမ် အလယ် သို့ ဝင် ပြီးလျှင်၊ 7 အိပ်ခန်း ထဲ အိပ်ရာ ပေါ် မှာ အိပ် လျက်နေသောဣရှဗောရှက်၏ဝမ်း ကို ထိုး ၍ သတ် သဖြင့် ၊ ဦးခေါင်း ကို ဖြတ် ယူ ပြီးမှ တညဉ့်လုံး လွင်ပြင် လမ်း ဖြင့်ပြေး ၍ လွတ် ကြ၏။ 8 ဣရှဗောရှက် ၏ ဦးခေါင်း ကို ဟေဗြုန် မြို့ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့၍ ၊ ကိုယ်တော် အသက် ကိုရှာ သော ကိုယ်တော် ရန်သူ ရှောလု ၏ သား ဣရှဗောရှက် ၏ ဦးခေါင်း ကို ကြည့်ရှု တော်မူပါ။ ကျွန်တော် သခင် အရှင် မင်းကြီး ခံရတော်မူသောအပြစ် ကိုထာဝရဘုရား သည် ရှောလု ၌ ၎င်း ၊ သူ ၏အမျိုးအနွယ် ၌ ၎င်း၊ ယနေ့ ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆို သော်၊ 9 ဒါဝိဒ် က၊ ငါ့ အသက် ကို ဘေး ဥပဒ်အပေါင်း တို့မှ ရွေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း၊ 10 အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက် စရာသိတင်းကိုပြောမည်အကြံရှိ လျက်၊ ရှောလု သေ ပါပြီဟု ငါ့ အား ကြားပြော သောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့်ဆု ကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ် မြို့၌ ငါကိုင်ဆွဲ ၍ သတ် ၏။ 11 ထိုမျှမက လူဆိုး တို့သည် ဖြောင့်မတ် သောသူကိုသူ ၏ အိမ် အတွင်း အိပ်ရာ ပေါ် မှာသတ် လျှင် ၊ သာ၍ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ ၏ အသွေး ကို သင် တို့၌ ငါတောင်း ၍ သင် တို့ကိုမြေကြီး ပေါ်က ပယ်ရှား သင့်သည်မ ဟုတ်လော ဟု ဗေရောသိ အမျိုး၊ ရိမ္မုန် ၏သား ရေခပ် နှင့် ညီ ဗာနာ အားဆို ပြီးလျှင်၊ 12 လုလင် တို့ကိုမိန့် တော်မူ၍ ထိုသူနှစ်ယောက် ကိုသတ် ကြ၏။ လက် ခြေ တို့ကိုဖြတ် ၍ ဟေဗြုန် ရေကန် အနား မှာ ဆွဲထား ကြ၏။ ဣရှဗောရှက် ၏ ဦးခေါင်း ကိုကား ယူ ၍ ဟေဗြုန် မြို့တွင် အာဗနာ သင်္ချိုင်း ၌ သင်္ဂြိုဟ် ကြ၏။
<- ဓမ္မရာဇဝင်ဒုတိယစောင်။ 3ဓမ္မရာဇဝင်ဒုတိယစောင်။ 5 ->