Link to home pageLanguagesLink to all Bible versions on this site
10
1 ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ ၍ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ 2 ဒါဝိဒ် ကလည်း ၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ငါကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။ 3 အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော်၊ 4 ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုတ်ဆိတ် တခြမ်း ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။ 5 ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါ ၊ ထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုတ်ဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။ 6 အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။ 7 ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။ 8 အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။ 9 ယွာဘ သည်လည်း ၊ ရှေ့ ၌၎င်း ၊ နောက် ၌ ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။ 10 ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊ 11 ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။ 12 ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုး ၊ ငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ၊ 13 သူ ၌ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။ 14 ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။ 15 ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။ 16 ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် ၍ ၊ မြစ် တစ်ဘက် ၌ နေသော ရှုရိ လူတို့ကိုခေါ် သဖြင့် ၊ သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။ 17 ထိုသိတင်းကိုကြား လျှင် ၊ ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ၊ ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း ၍ တိုက် သောအခါ၊ 18 ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ၍ ၊ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။ 19 ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။

<- ဓမ္မရာဇဝင်ဒုတိယစောင်။ 9ဓမ္မရာဇဝင်ဒုတိယစောင်။ 11 ->