1 ငါတို့သည် တဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြ သလော။ သို့မဟုတ် ချီးမွမ်း သောစာ ကို သင် တို့ထံသို့ သူတစ်ပါးပေးစေခြင်းငှာ၎င်း၊ သင် တို့သည်သူတစ်ပါးထံသို့ ပေးစေခြင်းငှာ၎င်း၊ ငါတို့သည်အချို့ သောသူကဲ့သို့ အလိုရှိကြ သလော။ 2 သင် တို့သည် ငါ တို့စိတ် နှလုံးပေါ်၌ ရေး ထားသောစာ၊ လူ အပေါင်း တို့သိ ၍ ဖတ် တတ်သောငါ တို့ စာ ပင်ဖြစ် ကြသတည်း။ 3 အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင် နှင့် ရေး ထားသော စာမ ဟုတ်။ အသက် ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ် တော်နှင့်ရေး၍ ၎င်း၊ ကျောက် ပြား ပေါ်၌ မ ရေးဘဲ အသား နှင့်ပြည့်စုံသော နှလုံး ပြား ပေါ်၌ ရေး၍ ၎င်း၊ ငါ တို့ပြုစု သော ခရစ်တော် ၏စာ ထင်ရှား စွာဖြစ် ကြ၏။ 4 ငါတို့သည် ခရစ်တော် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ ၏။ 5 သို့ရာတွင် ငါ တို့သည်ကိုယ် တန်ခိုး ကိုအမှီပြု ၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကိုကြံစည် ခြင်းငှာတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် ကိုအမှီပြု ၍သာ တတ်နိုင်သည်နှင့်အညီ၊ 6 ပဋိညာဉ် တရားသစ် ၏ ဆရာ ဖြစ်နိုင် သော အစွမ်းသတ္တိကို ဘုရားသခင် သည် ငါ တို့အားပေးတော်မူ၏။ ထိုသို့ဆိုသော်ကျမ်းဟောင်းတရား ကိုမ ဆိုလို၊ ဝိညာဉ် တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရား သည် အသက်ကိုသတ် တတ်၏။ ဝိညာဉ် တော်တရားမူကား ရှင် စေတတ်၏။ 7 ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊ 8 ထိုမျှမက ဝိညာဉ် တော်တရား သည် ဘုန်း အာနုဘော်နှင့် အလွန် ပြည့်စုံရ လိမ့်မည်မ ဟုတ်လော။ 9 အပြစ်စီရင်တတ် သောတရား သည် ဘုန်းအာနုဘော် ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ် စေတတ်သော တရား သည် ဘုန်းအာနုဘော် နှင့် သာ၍ ကြွယ်ဝပြည့်စုံ လိမ့်မည်။ 10 နောက်ဖြစ်သောဘုန်း သည် အလွန် မြတ် သောကြောင့် ၊ ဘုန်း ရှိဘူးသော အရာ သည် ဘုန်း ကွယ် လျက် ရှိ၏။ 11 ပယ်ရှင်း ရသောအရာ သည် ဘုန်း ရှိလျှင် ၊ တည်နေ သောအရာ သည်သာ၍ ဘုန်း ရှိလိမ့်မည်။ 12 ထိုသို့သော ယုံကြည်မြော်လင့် ခြင်းရှိ သည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက် ခြင်း အလျှင်းမရှိ။ အတည့်အလင်း ဟောပြော ကြ၏။ 13 ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။ 14 သူ တို့စိတ်နှလုံး သည် မိုက်မဲ လျက်ရှိ၍ ၊ ယခု တိုင်အောင် ဓမ္မကျမ်းစာ ကို ဖတ် ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ် လျက်ရှိ၏။ အကြောင်းမူကား ၊ ခရစ်တော် အားဖြင့် သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း ရ၏။ 15 ယခု တိုင်အောင် လည်း ၊ မောရှ ၏ကျမ်းစာကို ဖတ် ကြသောအခါ ၊ သူ တို့စိတ် နှလုံးသည် ဖုံးအုပ် လျက် ရှိ သေး၏။ 16 သို့သော်လည်း သခင် ဘုရားထံတော်သို့ ပြောင်းလဲ သောအခါ ၊ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်း လိမ့်မည်။ 17 သခင် ဘုရားဟုဆိုသော်ဝိညာဉ် တော်တရားကို ဆိုလို သတည်း။ သခင် ဘုရား၏ ဝိညာဉ် တော်တရားသည် လွှတ် ခြင်းချမ်းသာကို ပေးတတ်၏။ 18 ငါ တို့ရှိသမျှ သည် မျက်နှာ ဖုံးကိုဖွင့် လျက် မှန် ကို ကြည့်သကဲ့သို့ ၊ သခင် ဘုရား၏ ဘုန်း အသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား ၏ အရှင် သည် ရောင်ခြည် တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်း အသရေ တိုးပွား၍ ပုံ သဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ၏။
<- ကောရိန္တု ဩဝါဒစာ ဒုတိယစောင် 2ကောရိန္တု ဩဝါဒစာ ဒုတိယစောင် 4 ->