27
1 ယောသံ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏။ 2 ထိုမင်း သည်ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။ သို့ရာတွင် ထာဝရ ဘုရား၏ ဗိမာန် တော်ထဲသို့ မ ဝင် ။ပြည်သူ ပြည်သားတို့သည် မ တရားသဖြင့် ပြုကြသေး ၏။ 3 ထိုမင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် ၍ ၊ ဩဖေလ မြို့ရိုး ကို အလွန် ခိုင်ခံ့ စေ၏။ 4 ယုဒ တောင်ရိုး ပေါ် မှာ မြို့ များကို၎င်း ၊ တော ၌ ရဲတိုက် များနှင့် ပြအိုး များကို၎င်း တည်ထောင် လေ၏။ 5 အမ္မုန် ရှင် ဘုရင်ကိုလည်း စစ်တိုက် ၍ နိုင် သဖြင့် ၊ နိုင်သောနှစ် တွင် အမ္မုန် သား တို့သည် ငွေ အခွက် တထောင်၊ ဂျုံ ကောရ တသောင်း ၊ မုယော တသောင်း ကိုပေး ရကြ၏။ ဒုတိယ နှစ် နှင့် တတိယ နှစ်တွင် ထို အတူ ပေးရကြ၏။ 6 ထိုသို့ ယောသံ သည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ မိမိ အကျင့် တို့ကို ပြင်ဆင် သောကြောင့် တန်ခိုး တိုးပွါးသတည်း။ 7 ယောသံ ပြုမူသောအမှု အရာ ကြွင်း လေသမျှ၊ စစ်တိုက် ခြင်းအကျင့် ကျင့်ခြင်းအမှုအရာ အလုံးစုံ တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက် ရှိ၏။ 8 - 9 ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
<- ရာဇဝင်ချုပ်ဒုတိယစောင် 26ရာဇဝင်ချုပ်ဒုတိယစောင် 28 ->