15
1 ဘုရားသခင် ၏ဝိညာဉ် တော်သည် ဩဒက် သား အာဇရိ အပေါ် သို့ သက်ရောက် ၍၊ 2 အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။ 3 ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊ 4 ဘေး ရောက်သဖြင့် ၊ သူတို့သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ ၍ ၊ ရှာ ကြသောအခါ အတွေ့ ခံတော်မူ၏။ 5 ရှေးကာလ ၌ ထွက် သောသူ၊ ဝင် သောသူသည် ချမ်းသာ မ ရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန် ဆင်းရဲခြင်းကိုခံရကြ၏။ 6 တ နိုင်ငံနှင့် တ နိုင်ငံ၊ တမြို့ နှင့် တမြို့ ထ ကြ၍ ၊ ဘေး အမျိုးမျိုး အားဖြင့် ၊ ဘုရားသခင် ဆုံးမ တော်မူ၏။ 7 သင် တို့မူကား အားယူ ကြလော့။ လက် အား မ လျော့ စေနှင့်။ သင် တို့ကျင့် သည် အတိုင်းအကျိုး ကိုခံရ ကြမည်ဟု မြွက်ဆို၏။ 8 ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း ၊ စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။ 9 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ၊ ထို မင်းဘက်သို့ ဝင်စား ကြ၏။ 10 အာသ မင်းနန်းစံ ဆယ် ငါး နှစ် ၊ တတိယ လ တွင် ယေရုရှလင် မြို့၌ စုဝေး ၍၊ 11 ဆောင် ခဲ့သော လက်ရ ဥစ္စာထဲက နွား ခုနစ် ရာ ၊ သိုး ခုနစ် ထောင် တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။ 12 ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ ပါမည်ဟူ၍၎င်း၊ 13 ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မ ရှာ သောသူ ၊ ယောက်ျား မိန်းမ အကြီး အငယ် မည်သည်ကား၊ အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ 14 ကြွေးကြော် သံ၊ တံပိုး နှဲခရာ မှုတ်သံနှင့်တကွ ၊ ကြီး သောအသံ ဗလံပြုလျက်၊ ထာဝရဘုရား အား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။ 15 ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို ၍ ၊ အလိုဆန္ဒ အားကြီးသည်နှင့် ၊ ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ၌ ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။ 16 အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကို နှုတ် ၍ ၊ ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။ 17 မြင့် သောအရပ်တို့ကို ဣသရေလ ပြည်၌ မ ပယ်ရှား သော်လည်း ၊ လက်ထက် တော်ကာလပတ်လုံး အာသ စိတ်နှလုံး သည် စုံလင် ခြင်းရှိ ၏။ 18 ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင် လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း ထား တော်မူ၏။ 19 နောက်တဖန် နန်းစံ သုံးဆယ် ငါး နှစ် တိုင်အောင် စစ်တိုက် ခြင်းမ ရှိ။
<- ရာဇဝင်ချုပ်ဒုတိယစောင် 14ရာဇဝင်ချုပ်ဒုတိယစောင် 16 ->