Link to home pageLanguagesLink to all Bible versions on this site
22
1 ဒါဝိဒ် သည် ထို အရပ်မှ ပြေး ၍ အဒုလံ ဥမင် သို့ ဘေး လွတ်လျက် ရောက်လေ၏။ သူ့ အစ်ကို များ၊ အဆွေ အမျိုးများအပေါင်း တို့သည် ကြား လျှင် သူ့ ထံသို့ သွား ကြ၏။ 2 အမှု ရောက်သောသူ ၊ ကြွေးတင် သောသူ ၊ စိတ်ညစ် သောသူ အပေါင်း တို့သည်၊ သူ့ ထံမှာ စုဝေး ကြ၍ လူ လေး ရာ ခန့် ရှိ သဖြင့် ၊ ဒါဝိဒ်သည် သူ တို့ကို အုပ် ရ၏။ 3 ထို အရပ်မှ မောဘ ပြည် မိဇပါ မြို့သို့သွား ၍ ၊ မောဘ ရှင်ဘုရင် အား ၊ ဘုရား သခင်သည် ကျွန်တော် ၌ အဘယ်သို့ ပြု တော်မူမည်ကို ကျွန်တော်မသိ ဘဲနေစဉ်တွင်၊ ကျွန်တော် မိဘ သည် ထွက် လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကိုပေး တော်မူပါဟု လျှောက်သဖြင့်၊ 4 မောဘ ရှင်ဘုရင် ထံသို့ သွင်း ၍ ၊ ဒါဝိဒ် သည် ခိုင်ခံ့ သော ဥမင်၌ နေ သည်ကာလ ပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာနေ ကြ၏။ 5 တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ မ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ၍ ဟာရက် တော ၌ နေ၏။ 6 ထိုအခါ ရှောလု သည် ဂိဗာ မြို့၌ ကုန်း ပေါ် တွင် သစ်ပင် အောက် မှာ လှံ ကို ကိုင်လျက်၊ ကျွန် အပေါင်း တို့ သည် ခြံရံ လျက်နေစဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ပေါ် ကြောင်း ကို ရှောလု ကြား ၍၊ 7 အို ဗင်္ယာမိန် အမျိုးသား တို့၊ ယေရှဲ ၏သား သည် လယ် များ၊ စပျစ် ဥယျာဉ်များကို သင် တို့ရှိသမျှ ၌ ဝေပေး နိုင်သလော။ သင် တို့ရှိသမျှ ကို လူတထောင် အုပ် ၊ တရာ အုပ် အရာ၌ ခန့်ထား နိုင်သလော။ 8 ထိုသို့ ပြုနိုင်သောကြောင့်သင် တို့အပေါင်း သည် ငါ့ တဘက် ၌ သင်းဖွဲ့ ကြသလော။ ငါ့ သား သည် ယေရှဲ ၏သား နှင့် မိဿဟာယ ဖွဲ့ကြောင်းကို တယောက်မျှမ ပြော။ ငါ့ အတွက် တယောက်မျှ ဝမ်း မ နည်း။ ငါ့ ကျွန် သည် ယနေ့ ပြုသည် အတိုင်း ၊ ငါ့ ကို ချောင်းမြောင်း စေခြင်းငှါ ၊ ငါ့ သား နှိုးဆော် ကြောင်း ကို တယောက်မျှမပြော ဘဲ နေကြသည်တကားဟု အခြံအရံ တို့အား ဆို လေသော်၊ 9 ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။ 10 အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရား ထံတော်၌ မေးမြန်း ၍ စားစရိတ် ကို၎င်း ၊ ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား ကို၎င်းပေး ပါ၏ဟု ကြား လျှောက်လျှင်၊ 11 ရှင် ဘုရင်သည် အဟိတုပ် ၏သား ယဇ်ပုရောဟိတ် အဟိမလက် နှင့် သူ ၏အဆွေအမျိုး တည်းဟူသောနောဗ မြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်း တို့ကို ခေါ် ၍ ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြ၏။ 12 ရှောလု ကလည်း ၊ အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် ၊ အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။ 13 ရှောလု ကလည်း ၊ သင် နှင့် ယေရှဲ ၏သား သည် အဘယ်ကြောင့် ငါ့ တစ်ဘက် ၌ သင်းဖွဲ့ ကြသနည်း။ သူသည် ယနေ့ ပြုသည့်အတိုင်း ငါ့ ကို ပုန်ကန် စေခြင်းငှါ သင် သည် မုန့် နှင့် ထား ကိုပေး ၍ သူ အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြီတကားဟု ဆို သော်၊ 14 အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် ၌ အသရေ ရှိသောသူဖြစ် ပါ၏။ 15 ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ် အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း စ ပြုသလော။ ထိုအမှု ဝေး ပါစေသော။ ရှင် ဘုရင်သည် ကိုယ်တော် ကျွန် နှင့် ကျွန်တော် ၏အဆွေအမျိုး တစုံတယောက် ၌ မျှ အပြစ်တင် တော်မ မူပါနှင့်၊ ကိုယ်တော် ကျွန် သည် ဤ အမှု ကို အကြီး အငယ် အားဖြင့်မျှ မ သိ ပါဟု ရှင်ဘုရင် အား လျှောက် လေ၏။ 16 ရှင်ဘုရင် က၊ အဟိမလက် ၊ သင် နှင့် သင် ၏အဆွေအမျိုး အပေါင်း တို့သည် ဧကန်အမှန်အသေ ခံရမည်ဟု ဆို လျက်၊ 17 ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ ၊ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို မ လုပ်ကြံ ဘဲ နေကြ၏။ 18 တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ၍ ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ၊ ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ၍ ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။ 19 ယဇ်ပုရောဟိတ် ပိုင်သော နောဗ မြို့ ကိုလည်း တိုက်၍ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ နွား ၊ မြည်း ၊ သိုး တို့ကို ထား နှင့်လုပ်ကြံလေ၏။ 20 အဟိတုပ် ၏ သား ဖြစ်သော အဟိမလက် ၏သား တို့တွင်၊ အဗျာသာ အမည် ရှိသောသူတယောက် သည် လွတ် ၍ ဒါဝိဒ် ရှိရာ သို့ ပြေး လေ၏။ 21 ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို ရှောလု သတ် ကြောင်း ကို၊ အဗျာသာ သည် ဒါဝိဒ် အား ကြားပြော သောအခါ၊ 22 ဒါဝိဒ် က၊ ဧဒုံ အမျိုးသားဒေါဂ သည် ရှောလု အား ပြော မည်ဟု သူ့ကိုတွေ့သောနေ့ ၌ ငါရိပ်မိ ၏။ ငါ သည် သင် ၏ အဆွေအမျိုး အပေါင်း တို့ကို သေစေခြင်းငှါပြုမိပါပြီတကား။ 23 ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

<- ဓမ္မရာဇဝင် ပဋ္ဌမစောင် 21ဓမ္မရာဇဝင် ပဋ္ဌမစောင် 23 ->