Link to home pageLanguagesLink to all Bible versions on this site
11
1 ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ၊ ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။

2 ထာဝရဘုရား က၊ သင်တို့သည် တပါးအမျိုးသား တို့နှင့်စုံဘက် ခြင်းကိုမ ပြုရ။ အကယ်စင်စစ် သူတို့သည် မိမိ တို့ဘုရား များနောက် သို့ သင် တို့၏ စိတ်နှလုံးကို လွဲ စေကြလိမ့်မည်ဟု ဣသရေလ အမျိုးသား တို့အား မိန့် တော်မူ သော်လည်း၊ ရှောလမုန် သည် တပါးအမျိုးသားမိန်းမတို့ကို တပ်မက် သောစိတ်ရှိ၏။

3 မင်းသမီး ဖြစ်သော ခင်ပွန်း ခုနစ် ရာ ၊ မောင်းမမိဿံ သုံး ရာ ရှိ ၍ ၊ သူတို့သည် စိတ် နှလုံးတော်ကို လွဲ စေကြ ၏။

4 ရှောလမုန် သည် အသက်ကြီး သောအခါ ၊ မိန်းမ များတို့သည် စိတ် နှလုံးတော်ကို အခြား တပါးသော ဘုရား နောက် သို့ လွဲ စေသဖြင့် ၊ စိတ် နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ် နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းမ ရှိ။

5 ဇိဒုန် နတ်သမီး အာရှတရက် ၊ ရွံရှာ ဘွယ်သော အမ္မုန် ဘုရား မိလကုံ နောက် သို့ လိုက် ၍၊

6 ခမည်းတော် ဒါဝိဒ် ကဲ့သို့ ထာဝရဘုရား ၌ လုံးလုံး မ ဆည်းကပ်၊ ရှေ့ တော်၌ဒုစရိုက် ကိုပြု လေ၏။

7 ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။

8 မိမိ တို့ဘုရား အား နံ့သာပေါင်းကိုမီးရှို့ ၍ ၊ ယဇ် ပူဇော်သော တပါး အမျိုးသားခင်ပွန်း အပေါင်း တို့အဘို့ ထိုသို့ ပြု ၏။

9 -

10 အခြား တပါးသော ဘုရား နောက် သို့ မ လိုက် ရမည် အကြောင်းပညတ် တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှား တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်မှ၊ ရှောလမုန် သည်စိတ်နှလုံး လွှဲသွား ၍၊ မှာထား တော်မူသောစကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက် တော်မူလျက်၊

11 သင် သည်ဤသို့ ပြု၍ ငါ ဖွဲ့သော ပဋိညာဉ် နှင့် ငါမှာထား သော တရား ကိုမ စောင့် ဘဲနေသောကြောင့် ၊ နိုင်ငံ တော်ကို သင့် လက်မှ ငါဆက်ဆက်နှုတ် ၍ သင့် ကျွန် အား ပေး မည်။

12 သို့ရာတွင် သင့် အဘ ဒါဝိဒ် ၏မျက်နှာကို ထောက်၍ ၊ သင့် လက်ထက် ၌ ငါသည်းခံ ဦးမည်။ သင် ၏ သား လက် မှ နိုင်ငံ တော်ကို နှုတ် မည်။

13 သို့သော်လည်း တနိုင်ငံလုံး ကိုမ နှုတ်။ ငါ့ ကျွန် ဒါဝိဒ် နှင့် ငါ ရွေးကောက် သော ယေရုရှလင် မြို့ကိုထောက်၍ ၊ သင့် သား အား ခရိုင် တ ခရိုင်ကို ငါပေး မည်ဟု ရှောလမုန် အား မိန့် တော်မူ၏။

14 ထိုနောက် ထာဝရဘုရား သည် ရှောလမုန် ၌ ရန်ဘက် ပြုသောသူ ဧဒုံ အမျိုးသားဟာဒဒ် ကို နှိုးဆော် တော်မူ၏။ ထိုသူ သည် ဧဒုံ ရှင်ဘုရင် အမျိုး ဖြစ်၏။

15 -

16 အထက်က ဒါဝိဒ် သည် ဧဒုံ ပြည်၌ ရှိ ၍၊ ဗိုလ်ချုပ် ယွာဘ သည် ဧဒုံ အမျိုးသားယောက်ျား အပေါင်း တို့ကို ပယ်ဖြတ် မည်ဟု ဣသရေလ လူအပေါင်း တို့နှင့် ဧဒုံ ပြည်၌ ခြောက် လ နေ ပြီးမှ ၊ အသေ ကောင်များကို မြေ၌မြှုပ် စေခြင်းငှါ သွား စဉ်အခါ၊

17 ဟာဒဒ် သည် အသက်ငယ် လျက်ပင်အဘ ၏ကျွန် ဧဒုံ အမျိုးသားအချို့တို့နှင့်အတူအဲဂုတ္တု ပြည်သို့ ရောက်အောင်ပြေး ၏။

18 မိဒျန် ပြည်မှ ထွက် ၍ မါရန် ပြည်သို့ ရောက် လေ၏။ တဖန် ပါရန် ပြည်သား အချို့တို့ကို ခေါ် ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ဖာရော ဘုရင် ထံသို့ ရောက် လေသော်၊ ထိုမင်း သည် အိမ် နှင့် မြေ ကိုပေး ၍ ကျွေးမွေးလေ၏။

19 ဖာရော ဘုရင်သည် ဟာဒဒ် ကို အလွန် ချစ် ၍ မိမိ ခင်ပွန်း မိဖုရား တာပနက် ၏ညီမ ကို ပေးစား ၏။

20 တာပနက် ၏ ညီမ သည်သား ဂေနုဗက် ကို ဘွားမြင် ၍ ၊ တာပနက် သည်နန်း တော်၌ နို့ခွါသဖြင့် ၊ ဂေနုဗတ် သည် နန်း တော်၌ ဖာရော ဘုရင်၏ သား များနှင့်အတူ နေ ၏။

21 ဒါဝိဒ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ကြောင်း နှင့် ဗိုလ်ချုပ် မင်းယွာဘ သေ ကြောင်း ကို ဟာဒဒ် သည် အဲဂုတ္တု ပြည်၌ ကြား သောအခါ ၊ အကျွန်ုပ်သည် ကိုယ် ပြည် သို့ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါဟု ဖာရော ဘုရင်အား တောင်းပန် လေ၏။

22 ဖာရော ဘုရင်က၊ သင်သည်ကိုယ် ပြည် သို့ ပြန် ချင် သောစိတ်ရှိမည်အကြောင်းငါ့ ထံ မှာအဘယ် အရာ လို သေးသနည်းဟုမေး သော် ၊ အဘယ် အရာမျှမလိုပါ။ သို့သော်လည်း သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်လေ၏။

23 ရှောလမုန် ၌ ရန်ဘက် ပြုသောသူတခြား၊ ဧလျာဒ သား ရေဇုန် ကို ဘုရားသခင် နှိုးဆော် တော်မူ၏။ ထိုသူသည် မိမိ သခင် ဇောဘ မင်းကြီး ဟာဒဒေဇာ ထံမှ ပြေး ၍၊

24 လူ များကိုစုဝေး စေသဖြင့် ၊ ဒါဝိဒ် မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ် လေ၏။တဖန် ဒမာသက် မြို့သို့သွား ၍ မင်း ပြုလျက် နေ ၏။

25 ဟာဒဒ် နှောင့်ရှက် သောအမှုမှတပါး ထိုသူသည် ရှောလမုန် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ရန်ဘက် ပြု ၏။ ရှုရိ ပြည်ကို အစိုးရ ၍ ဣသရေလ အမျိုးကို စက်ဆုပ် ရွံရှာ၏။

26 ထိုမှတပါး ရှောလမုန် ၏ ကျွန် တယောက်၊ ဧဖရိမ် အမျိုး၊ ဇေရဒ ရွာသား၊ နေဗတ် ၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင် ကို ပုန်ကန် ၏။ သူ ၏အမိ ကား၊ ဇေရွာ အမည် ရှိသောမုတ်ဆိုးမ တည်း။

27 ရှင်ဘုရင် ကို ပုန်ကန် သော အကြောင်း ဟူမူကား ၊ ရှောလမုန် သည် မိလ္လော မြို့ကိုတည် ၍၊ ခမည်းတော် ဒါဝိဒ် ၏မြို့ရိုး ပျက်ကို ပြုပြင် သောအခါ၊

28 ယေရောဗောင် သည် ခွန်အား ကြီးသော သူရဲ ဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင် ဖြစ်ကြောင်း ကို ရှောလမုန် သည်မြင် လျှင် ၊ ယောသပ် အမျိုး ဆောင်ရွက် ရသောအမှုရှိသမျှ ကို အုပ်စေခြင်းငှါခန့်ထား တော်မူ၏။

29 တရံရောအခါယေရောဗောင် သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွား သည်ရှိသော်၊ ရှိလော မြို့သားအဟိယ သည် ဝတ်လုံ သစ် နှင့် ကိုယ်ကိုခြုံ လျက် ၊ ယေရောဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထို သူနှစ် ယောက်တည်း ရှိ စဉ်အခါ၊

30 အဟိယ သည် မိမိ ဝတ်သော ဝတ်လုံ သစ် ကို ကိုင် ၍ ဆယ် နှစ် ပိုင်းဆုတ်ဖြတ် ပြီးလျှင်၊

31 ယေရောဗောင် အား ၊ ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ၍ ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။

32 ငါ့ ကျွန် ဒါဝိဒ် အတွက် ဣသရေလ ခရိုင် များတို့တွင်၊ ငါရွေးကောက် သော ယေရုရှလင် မြို့ အတွက် ရှောလမုန်သည် တ ခရိုင် ကို ယူရ ၏။

33 ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် ၊ မောဘ ဘုရား ခေမုရှ ၊ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် ၊ အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ၊ ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ မ လိုက်။

34 သို့ရာတွင် နိုင်ငံ တော်ကို သူ ၏လက် မှ ငါမ နှုတ် သေး။ ငါရွေးကောက် ၍ ငါ့ ပညတ် တရားတို့ကို စောင့်ရှောက် သော ငါ့ ကျွန် ဒါဝိဒ် အတွက် ၊ သားရှောလမုန်သည် တသက်လုံး စိုးစံ စေခြင်းငှါငါအခွင့် ပေး၏။

35 ရှောလမုန် ၏သား လက် မှ နိုင်ငံ တော်ကို နှုတ် ၍ ဆယ် ခရိုင် ကို သင့် အား ငါပေး မည်။

36 ငါ့ နာမ တည် ရာဘို့ ငါရွေးကောက် သော ယေရုရှလင် မြို့ တွင် ၊ ငါ့ ရှေ့ မှာ ငါ့ ကျွန် ဒါဝိဒ် ၏ မီးခွက် သည် အစဉ် ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန် သား အား တ ခရိုင် ကို ငါပေး ၏။

37 သင့် ကိုငါရွေးယူ ၍ ၊ သင်သည် ကိုယ် အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံ လျက်ဣသရေလ အမျိုးတွင် မင်း ပြု ရ၏။

38 သင်သည် ငါမှာထား သမျှ ကို နားထောင် ၍၊ ငါ့ ကျွန် ဒါဝိဒ် ပြု သကဲ့သို့ ငါ ၏လမ်း တို့သို့ လိုက် လျက် ၊ ငါ့ ရှေ့ ၌ မှန် သောတရား၊ ငါ စီရင်ချက် ပညတ် များကို စောင့်ရှောက် လျှင် ၊ သင် နှင့်အတူ ငါရှိ ၍ ဒါဝိဒ် အဘို့ မြဲမြံ သောအိမ် ကို ဆောက် သည်နည်းတူ ၊ သင့် အဘို့ ဆောက် ၍ ဣသရေလ နိုင်ငံကို ငါပေး မည်။

39 ဤ အကြောင်းကြောင့် ဒါဝိဒ် မင်းမျိုး ကို ငါနှောင့်ရှက် မည်။ သို့ရာတွင် အစဉ် နှောင့်ရှက်မည်မ ဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။

40 ရှောလမုန် သည် ယေရောဗောင် ကိုသတ် မည်ဟု အားထုတ် သည်ရှိသော်၊ ယေရောဗောင် သည် ထ ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် ထံ သို့ပြေး သဖြင့် ၊ ရှောလမုန် သေ သည်တိုင်အောင် အဲဂုတ္တု ပြည်၌ နေ လေ ၏။

41 ရှောလမုန် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ နှင့် ၊ သူ ၏ပညာ စကားသည် ရှောလမုန် ဝတ္ထု ၌ ရေးထား လျက်ရှိ၏။

42 ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေး ဆယ်စိုးစံ ပြီးမှ၊

43 ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ရောဗောင် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

<- ဓမ္မရာဇဝင်တတိယစောင်။ 10ဓမ္မရာဇဝင်တတိယစောင်။ 12 ->