Link to home pageLanguagesLink to all Bible versions on this site
13
1 ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ မ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။ 2 ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။ 3 သူတစ်ပါးကို ငါ ကျွေးမွေး၍ ဥစ္စာ ရှိသမျှ ကို စွန့်ကြဲ သည်သာမက ၊ ကိုယ်ခန္ဓာ ကို မီးရှို့စေခြင်းငှာ အပ် သော်လည်း ၊ မေတ္တာ မ ရှိ လျှင် ၊ ငါ ၌အကျိုးမ ရှိ။ 4 မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။ 5 မ လျောက်ပတ် စွာမကျင့်တတ်၊ ကိုယ် အကျိုး ကို မ ရှာ တတ်၊ ဒေါသ အမျက်မ ထွက်တတ်၊ အပြစ် ရှိသည်ဟု မ ထင် တတ်၊ 6 မတရား သော အမှု၌ ဝမ်းမြောက် ခြင်းမ ရှိတတ်၊ သမ္မာတရား ၌ ဝမ်းမြောက် တတ်၏။ 7 ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။ 8 မေတ္တာ သည် ဖောက်ပြန် ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။ ပရောဖက် ဉာဏ်သော်၎င်း၊ အမျိုးမျိုး သော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံ အတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်။ 9 ယခုမူကား ၊ ငါတို့သည် မစုံမလင်သိ တတ်ကြ၏။ ပရောဖက် ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ 10 စုံလင် ခြင်းသို့ ရောက် သောအခါ မူကား ၊ မ စုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။ 11 ငါသည် သူငယ် ဖြစ် စဉ်အခါ ၊ သူငယ် လို စကား ပြော၏။ သူငယ် လို စိတ်ထင် ၏။ သူငယ် လို ကြံစည် ၏။ အသက်ကြီးသောအခါ မူကား၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏။ 12 ယခု တွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက် သာ နေကြ၏။ ထိုအခါ မူကား ၊ မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခု တွင် ငါအသိ အမြင်မ စုံလင်ဖြစ်၏။ ထိုအခါ မူကား ၊ သူတစ်ပါးသည် ငါ့ကို သိ သကဲ့သို့ ငါသိ ရလိမ့်မည်။ 13 ယခု တွင်ယုံကြည် ခြင်း၊ မြော်လင့် ခြင်း၊ ချစ် ခြင်း၊ ဤ သုံး ပါးတည်လျက် ရှိ၏။ ဤ သုံးပါးတို့တွင် ချစ် ခြင်း၊ မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။

<- ကောရိန္တု ဩဝါဒစာ ပထမ စာစောင် 12ကောရိန္တု ဩဝါဒစာ ပထမ စာစောင် 14 ->