Link to home pageLanguagesLink to all Bible versions on this site

1 ဗင်္ယာမိန် သားဦး ကား ဗေလ ၊ ဒုတိယ သား အာရှဗေလ ၊ တတိယ သားအဟိရံ၊ 2 စတုတ္ထ သား နောဟ ၊ ပဉ္စမ သား ရာဖ တည်း။ 3 ဗေလ သား ကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ်၊ 4 အဘိရွှ ၊ နေမန် ၊ အာဟော၊ 5 ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံ တည်း၊ 6 မာနဟက် မြို့သို့ နေရာ ပြောင်းသော ဂေဗ မြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ် သား ကား၊ နေမန် ၊ အဟိယ ၊ ဂေရ တည်း။ 7 နေရာ ပြောင်းသောနောက်၊ ဩဇ နှင့် အဟိဟုဒ် ကိုလည်း မြင် ၏။ 8 ရှဟာရိမ် သည် မယား ဟုရှိမ် နှင့် ဗာရာ ကိုစွန့် ပြီးမှ၊ မောဘ ပြည် ၌ နေ၍၊ 9 မယား ဟောဒေရှ တွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ၊ 10 ယုဇ ၊ ရှာခိ ၊ မိရမ တို့ကို မြင် ၍ ၊ ဤ သူတို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။ 11 အရင်မယား ဟုရှိမ် တွင် ၊ အဘိတုပ် နှင့် ဧလပါလ ကို မြင် ၏။ 12 ဧလပါလ သား ကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း။ ရှာမက်သည် ဩနော မြို့၊ လောဒ မြို့နှင့် ကျေးလက် များကို ပြုစု သောသူဖြစ်၏။ 13 ဗေရိယ နှင့် ရှေမ တို့သည် ဂါသ မြို့သား တို့ကို နှင်ထုတ် သော အာဇလုန် မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ 14 ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ်၊ 15 ဇေဗဒိ ၊ အာရဒ် ၊ အာဒါ၊ 16 မိက္ခေလ ၊ ဣရှပ ၊ ယောဟ တို့သည် ဗေရိယ သား ဖြစ်ကြ၏။ 17 ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ၊ 18 ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ် တို့သည် ဧလပါလ သား တည်း။ 19 ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ၊ 20 ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ၊ 21 အဒါယ ၊ ဗေရာယ ၊ ရှိမရတ် တို့သည် ရှိမဟိ သား တည်း။ 22 ဣရှပန် ၊ ဟေဗာ ၊ ဧလေလ၊ 23 အာဗဒုန် ၊ ဇိခရိ ၊ ဟာနန်၊ 24 ဟာနနိ ၊ ဧလံ ၊ အန္တောသိယ၊ 25 ဣဖဒိယ ၊ ပေနွေလ တို့သည် ရှာရှက် သား တည်း။ 26 ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ၊ 27 ယာရရှိ ၊ ဧလိယ ၊ ဇိခရိ တို့သည် ယေရောဟံ သား တည်း။ 28 ဤ သူတို့သည် ယေရုရှလင် မြို့မှာ နေ ၍၊ အစဉ်အဆက် အဆွေအမျိုးသူကြီး မင်းဖြစ်ကြ၏။ 29 ဂိဗောင် မြို့မှာ ဂိဗေါင် အဘ ယေဟေလနေ ၏။ သူ ၏မယား ကား မာခါ အမည် ရှိ၏။ 30 သူ ၏သားဦး ကား အာဗဒုန် ၊ သူ၏ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ၊ နာဒပ်၊ 31 ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တည်း။ 32 မိကလုပ်သားကား ရှိမံ တည်း။ ဤသူ တို့သည် ယေရုရှလင် မြို့ မှာ ညီအစ်ကို စုအနား ၊ တဘက်တချက်၌ နေရာ ကျကြ၏။ 33 နေရ သား ကားကိရှ ၊ ကိရှသား ရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း။ 34 ယောနသန် သား ကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခါ၊ 35 မိက္ခါ သား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း။ 36 အာခတ် သား ကား ယာရ ၊ ယာရ သား အာလမက် ၊ အာဇမာဝက် ၊ ဇိမရိ တည်း၊ ဇိမရိ သား ကား မောဇ ၊ 37 မောဇ သား ဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ၊ 38 အာဇေလ သား ခြောက် ယောက်အမည် ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန် တည်း။ 39 အာဇေလ ညီ ဧရှက် သားဦး ကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယ သား ဧလိဖလက် တည်း။ 40 ဥလံ သား တို့သည် ခွန်အား ကြီးသော လေး သူရဲ ဖြစ် ကြ၏။ သား မြေး များ ၍ ပေါင်း တရာ ငါး ဆယ်ရှိကြ၏။ ဤရွေ့ကား ၊ ဗင်္ယာမိန် သားစဉ် မြေးဆက်ဖြစ်သတည်း။

<- ရာဇဝင်ချုပ်ပဌမစောင် 7ရာဇဝင်ချုပ်ပဌမစောင် 9 ->