6 ထိုနည်းတူစွာငယ်ရွယ်သူအမျိုးသားများ အားဣန္ဒြေစောင့်စည်းရန်တိုက်တွန်းလော့။- 7 ကိစ္စအဝဝ၌သင်ကိုယ်တိုင်ပင်လျှင်စံနမူ နာကောင်းကိုပြလော့။ တည်ကြည်လေးနက်စွာ သြဝါဒပေးလော့။- 8 သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။
9 အစေခံကျွန်တို့သည်မိမိတို့သခင်များ ၏စကားကိုနားထောင်ရကြမည်။ အစစ အရာရာတွင်သခင်တို့နှစ်သက်အောင်ပြုရ ကြမည်။ စကားတုံ့ပြန်ပြောဆိုမှု၊- 10 သို့မဟုတ်ခိုးဝှက်မှုကိုမပြုရ။ ယင်းသို့ပြု မည့်အစားသူတို့သည်အစဉ်ရိုးသား၍ သစ္စာ ရှိသူများဖြစ်ကြောင်းပေါ်လွင်စေရမည်။ ဤ နည်းအားဖြင့်သူတို့သည်မိမိတို့ပြုသမျှ သောအမှုတို့တွင် ငါတို့ကယ်တင်ရှင်ဘုရား သခင်၏တရားတော်အရောင်အဝါကိုပိုမို၍ ထွန်းတောက်စေကြလိမ့်မည်။
11 ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။- 12-13 ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။- 14 ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။✡ဆာ၊ ၁၃၀:၈။ ထွ၊ ၁၉:၅။ တရား၊ ၄:၂၀၊ ၇:၆၊ ၁၄:၂။ ၁ပေ၊ ၂:၉။
15 သင်သည်ဤအကြောင်းအရာများကိုဟော ပြောသွန်သင်လော့။ အားပေးတိုက်တွန်းဆုံးမ သွန်သင်သည့်အခါ၌သင်၌ရှိသမျှသော အခွင့်အာဏာကိုအသုံးပြုလော့။ သင့်အား အဘယ်သူမျှအထင်မသေးစေနှင့်။
<- တိတု 1တိတု 3 ->✡2:14 ဆာ၊ ၁၃၀:၈။ ထွ၊ ၁၉:၅။ တရား၊ ၄:၂၀၊ ၇:၆၊ ၁၄:၂။ ၁ပေ၊ ၂:၉။