5 ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။
6 ထိုသူက``ထိုသို့ဖြစ်ပါမူငါ့သားသမီး များက ထိုလယ်မြေကိုအမွေခံရကြလိမ့် မည်မဟုတ်သဖြင့် ဝယ်ယူပိုင်ခွင့်ကိုငါစွန့် လွှတ်လိုက်ပါပြီ။ ငါမဝယ်ယူလိုတော့ပါ။ သင်ပင်ဝယ်ယူပါလော့'' ဟုပြန်ပြော၏။
7 ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
8 သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-[a] 9 ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။- 10 ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။[b]
11 မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-[c] 12 ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။[d]
17 အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။