4 ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊
9 သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-[g] 10 သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။
11 ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။-[h] 12 သူတို့၏ကုန်ပစ္စည်းများကားရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ မရမ်းစေ့ရောင်ပိုး ထည်၊ ဖဲနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းအမျိုးမျိုး၊-[i] 13 သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။- 14 ကုန်သည်ကြီးများကထိုမြို့အား``သင်လိုချင် တောင့်တသည့်အရာများသည်မရှိတော့ပြီ။ စည်း စိမ်ချမ်းသာဂုဏ်ကျက်သရေတို့သည်လည်းကွယ် ပျောက်သွားလေပြီ။ ထိုအရာများကိုသင်သည် နောက်တစ်ဖန်ရရှိတော့မည်မဟုတ်'' ဟုဆို ကြ၏။- 15 ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊-[j] 16 ``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချော၊ မရမ်း စေ့ရောင်ပိုးထည်၊ အနီရောင်အဝတ်အထည်၊ ရွှေ တန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲ တန်ဆာများကိုဝတ်ဆင်ထားသောမြို့ကြီးသည်၊- 17 မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။
20 ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။[n]
21 ထိုနောက်ခွန်အားကြီးသောကောင်းကင်တမန် တစ်ပါးသည်ကြိတ်ဆုံကျောက်ကြီးခန့်ရှိသော ကျောက်တုံးတစ်ခုကိုယူ၍ပင်လယ်ထဲသို့ပစ် ချလိုက်ပြီးလျှင်``ဗာဗုလုန်မြို့ကြီးသည်ဤသို့ ပစ်ချခြင်းကိုခံရလိမ့်မည်။ နောက်တစ်ဖန်ထို မြို့ကိုပြန်၍တွေ့မြင်ကြရလိမ့်မည်မဟုတ်။-[o] 22 သင်၏ထံတွင်စောင်းသံ၊ သီချင်းသံ၊ ပလွေသံ၊ တံပိုး ခရာသံတို့ကိုနောက်တစ်ဖန်ကြားရတော့မည် မဟုတ်။ အဘယ်အလုပ်သမားမျှသင့်ထံတွင် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း ကြားရတော့မည်မဟုတ်။-[p] 23 သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။[q]
24 ဗာဗုလုန်မြို့အပြစ်ဒဏ်ခံရသည်မှာထိုမြို့တွင် ပရောဖက်များ၏အသွေး၊ ဘုရားသခင်၏လူစု တော်ဝင်များ၏သွေး၊ ကမ္ဘာပေါ်တွင်အသတ်ခံရ သူအပေါင်းတို့၏သွေးများကိုတွေ့ရှိရသော ကြောင့်ဖြစ်၏။[r]
<- ဗျာဒိတ် 17ဗျာဒိတ် 19 ->- a ဟေရှာ၊ ၁၃:၂၁၊ ၂၁:၉။ ယေ၊ ၅၀:၃၉၊ ၅၁:၈။ ဗျာ၊ ၁၄:၈။
- b ဟေရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။
- c ဟေရှာ၊ ၄၈:၂၀။ ယေ၊ ၅၀:၈၊ ၅၁:၆၊၄၅။
- d က၊ ၁၈:၂၀-၂၁။ ယေ၊ ၅၁:၉။
- e ဆာ၊ ၁၃၇:၈။ ယေ၊ ၅၀:၂၉။
- f ဟေရှာ၊ ၄၇:၇-၉။
- g ယေဇ၊ ၂၆:၁၆-၁၇။
- h ယေဇ၊ ၂၇:၃၁၊၃၆။
- i ယေဇ၊ ၂၇:၁၂၊၁၃၊၂၂။
- j ယေဇ၊ ၂၇:၃၁၊၂၆။
- k ဟေရှာ၊ ၂၃:၁၄။ ယေဇ၊ ၂၇:၂၆-၃၀။
- l ယေဇ၊ ၂၇:၃၂။
- m ယေဇ၊ ၂၇:၃၀-၃၄။
- n တရား၊ ၃၂:၄၃။ ယေ၊ ၅၁:၄၈။
- o ယေ၊ ၅၁:၆၃-၆၄။ ယေဇ၊ ၂၆:၂၁။
- p ယေဇ၊ ၂၆:၁၃။ ဟေရှာ၊ ၂၄:၈။
- q ယေ၊ ၇:၃၄၊ ၂၅:၁၀။
- r ယေ၊ ၅၁:၄၉။