5 ထိုသားရဲသည်ကြွားဝါ၍ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကိုလည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံးအုပ်စိုးပိုင်ခွင့်ကိုလည်းကောင်း ရရှိထား၏။-[c] 6 သူသည်ဘုရားသခင်နှင့်ကိုယ်တော်၏နာမ တော်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်းဝပ်တော် မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံတွင်စံစား သူတို့ကိုလည်းကောင်းပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကိုဖွင့်လေ၏။- 7 သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။-[d] 8 အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။[e]
9 ``ကြားတတ်သောနားရှိသူတို့ကြားကြပါစေ။- 10 အဖမ်းခံရမည့်သူသည်အဖမ်းခံရမည် သာဖြစ်သည်။ ဋ္ဌားဘေးနှင့်သေရမည့်သူသည် လည်းဋ္ဌားဘေးနှင့်သေရမည်သာဖြစ်၏။ ဤ အကြောင်းကြောင့်ဘုရားသခင်၏လူစု တော်သည်တည်ကြည်သူများ၊ သစ္စာရှိသူ များဖြစ်ရန်လိုပေသည်။[f]
11 ထိုနောက်အခြားသားရဲတစ်ကောင်ကိုငါမြင် ရ၏။ သူသည်မြေကြီးထဲမှထွက်လာ၏။ သူ့ မှာသိုးချိုနှင့်တူသောဦးချိုနှစ်ချောင်းရှိ၏။ သူသည်နဂါးကဲ့သို့စကားပြော၏။- 12 သူသည်ပထမသားရဲ၏အာဏာရှိသမျှ ကိုထိုသားရဲ၏ရှေ့တွင်သုံးစွဲ၏။ သူသည် သေလောက်သည့်ဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကိုကမ္ဘာသူကမ္ဘာသားတို့ အားကိုးကွယ်စေ၏။- 13 ဒုတိယသားရဲသည်အံ့သြဖွယ်နိမိတ်လက္ခ ဏာများကိုပြ၏။ လူအပေါင်းတို့မျက်မှောက် ၌ကောင်းကင်မှကမ္ဘာမြေပေါ်သို့မီးများ ကျလာစေ၏။- 14 သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။- 15 ထိုရုပ်တုသည်စကားပြောနိုင်ရန်လည်း ကောင်း၊ မိမိအားမရှိခိုးသူအပေါင်းတို့ အားသေစေနိုင်ရန်လည်းကောင်း ဒုတိယ သားရဲသည်ထိုရုပ်တုကိုအသက်သွင်း ပေးခွင့်ကိုလည်းရ၏။- 16 ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။- 17 ထိုအမှတ်တံဆိပ်တည်းဟူသောသားရဲ၏ နာမည် သို့မဟုတ်ကိုယ်စားပြုသည့်ကိန်း ဂဏန်းကို ရိုက်နှိပ်ထားသူမှတစ်ပါးအဘယ် သူမျှကုန်ရောင်းကုန်ဝယ်ခွင့်မရ။
18 ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။
<- ဗျာဒိတ် 12ဗျာဒိတ် 14 ->