Link to home pageLanguagesLink to all Bible versions on this site
120
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ
1 ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။
ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။
2 အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​အား​လိမ်​လည်​တတ်​သူ​များ နှင့် လှည့်​စား​တတ်​သူ​များ​၏​လက်​မှ​ကယ်​တော် မူ​ပါ။
 
3 အ​ချင်း​လိမ်​လည်​တတ်​သူ​တို့၊
သင်​တို့​အား​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သို့ စီ​ရင်​တော်​မူ​လိမ့်​မည်​နည်း။
သင်​တို့​အား​ကိုယ်​တော်​သည်​အ​ဘယ်​သို့ ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​နည်း။
4 စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊
ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
5 သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊
ကေ​ဒါ[a] အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။
6 ငါ​သည်​ငြိမ်း​ချမ်း​ရေး​ကို​မုန်း​သော​သူ​တို့​နှင့် နေ​ရ​သည်​မှာ​ကြာ​မြင့်​လွန်း​လေ​ပြီ။
7 ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။

<- ဆာ​လံ 119ဆာ​လံ 121 ->