Link to home pageLanguagesLink to all Bible versions on this site

သြ​ဗ​ဒိ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ
နိ​ဒါန်း
ဤ​ကျမ်း​စောင်​အ​တို​လေး​သည်​ခ​ရစ်​တော် မ​ပေါ်​ထွန်း​မီ ၅၈၆ ခု​နှစ်​အ​ချိန်၊ ယေ​ရု​ရှ​လင် မြို့​ကျ​ဆုံး​ပြီး​နောက်၊ သတ်​မှတ်​ပြ​ဋ္ဌာန်း​၍ မ​ရ​နိုင်​သော​အ​ချိန်​ကာ​လ​တွင်း​၌​ပေါ်​ပေါက် လာ​သည်။ ထို​အ​ချိန်​၌​ယု​ဒ​နိုင်​ငံ​အ​ရှေ့ တောင်​ပိုင်း​ရှိ​ရန်​သူ​ဟောင်း​ဖြစ်​သော​ဧ​ဒုံ နိုင်​ငံ​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း အ​တွက်​ဝမ်း​မြောက်​ဝမ်း​သာ​ယုံ​မ​က၊ ယု​ဒ နိုင်​ငံ​၏​ကြေ​ကွဲ​ဖွယ်​ရာ​အ​ခြေ​အ​နေ​ကို အ​ခွင့်​ကောင်း​ယူ​၍​ထို​မြို့​ကို​လု​ယူ​တိုက် ခိုက်​ခြင်း​ဖြင့်၊ ကူး​ကျော်​ဝင်​ရောက်​တိုက်​ခိုက် သူ​ကို​အ​ကူ​အ​ညီ​ပေး​ခဲ့​သည်။ သြ​ဗ​ဒိ​က၊ ဣ​သ​ရေ​လ​၏​ရန်​သူ​များ​ဖြစ်​သော​အ​ခြား နိုင်​ငံ​များ​နှင့်​အ​တူ​ဧ​ဒုံ​နိုင်​ငံ​သည်​ပြစ် ဒဏ်​ခံ​ရ​၍၊ ပျက်​စီး​ဆုံး​ရှုံး​ရ​မည့်​အ​ကြောင်း ကို​ပ​ရော​ဖက်​ပြု​ဟော​ကြား​ခဲ့​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဧ​ဒုံ​နိုင်​ငံ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း ၁-၁၄
ထာ​ဝ​ရ​ဘု​ရား​၏​နေ့ ၁၅-၂၁

1 ဤ​ကျမ်း​စောင်​သည်​ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်​၍ သြ​ဗ​ဒိ​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် ကို​ဖော်​ပြ​ရာ​ဖြစ်​၏။ဟေရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ မာလ၊ ၁:၂-၅။

ဧ​ဒုံ​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည့်​အ​ကြောင်း
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ ထံ​သို့ မိ​မိ​၏​သံ​တ​မန်​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။
``အ​သင့်​ပြင်​ဆင်​ကြ​လော့။
ဧ​ဒုံ​ပြည်​သို့​ငါ​တို့​စစ်​ချီ​ကြ​ကုန်​အံ့'' ဟူ​၍
ကြွေး​ကြော်​စေ​တော်​မူ​သံ​ကို​ငါ​တို့​ကြား ရ​ကြ​၏။
2 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​ဒုံ​ပြည်​အား ``ငါ​သည်​သင့်​ကို​အား​အင်​ချည့်​နဲ့​စေ​မည်။
လူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ရွံ​ရှာ စက်​ဆုတ်​ကြ​လိမ့်​မည်။
3 သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။
သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊
သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊
`ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု
သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
4 သင်​သည်​လင်း​ယုန်​ငှက်​၏​အ​သိုက်​တ​မျှ မြင့်​မား​ရာ​တွင်​တည်​နေ​သ​ဖြင့်၊
ကြယ်​တာ​ရာ​တို့​အ​လယ်​သို့​ပင် ရောက်​ရှိ​နေ​စေ​ပါ​မူ၊
သင့်​ကို​ငါ​ဆွဲ​ချ​မည်။
 
5 ``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊
မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။
စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊
စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။
သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။
6 ဧ​သော​၏​သား​မြေး​တို့၊
သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ကို တိုက်​ခိုက်​လု​ယက်​သွား​ကြ​လေ​ကုန်​ပြီ။
7 သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​လိမ်​လည် လှည့်​စား​လျက်၊
သင်​တို့​အား​မိ​မိ​တို့​ပြည်​မှ​နှင်​ထုတ်​ကြ လေ​ပြီ။
သင်​တို့​နှင့်​အ​တူ​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ခဲ့ သူ​များ​က၊ ယ​ခု​သင်​တို့​အား​လွှမ်း​မိုး​လိုက်​ကြ​လေ​ပြီ။
သင်​တို့​နှင့်​အ​တူ​စား​သောက်​ခဲ့​သည့်
မိတ်​ဆွေ​များ​သည်​သင်​တို့​အ​တွက်​ထောင် ချောက်​ကို ထောင်​ထား​ကြ​လေ​ပြီ။
သူ​တို့​သည်​သင်​တို့​ကို​ရည်​မှတ်​၍
ဤ​သူ​တို့​၏​အ​သိ​အ​လိမ္မာ​ကား​အ​ဘယ် သို့ ရောက်​ရှိ​သွား​လေ​ပြီ​နည်း​ဟု​ဆို​ကြ​၏။
 
8 ``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊
အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။
9 လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။
ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။
ဧ​ဒုံ​ပြည်​အ​ပြစ်​ဒဏ်​သင့်​သည့်​အ​ကြောင်း​ရင်း​များ
10 ``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊
ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊
သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။
11 ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။
သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အား
ခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။
12 သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊
ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။
သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။
သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။
13 သင်​သည်​ငါ​၏​လူ​မျိုး​တော်
ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ​ကြ​သည်​ကို​ကျိတ်​၍ နှစ်​ထောင်း​အား​ရ​ဖြစ်​ကာ၊
သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​၏​မြို့​ထဲ​သို့​မ​ဝင်​သင့်။
သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မ​သိမ်း​မ ယူ​သင့်။
14 သင်​သည်​ကြိုး​စား​၍​ထွက်​ပြေး​ကြ​သူ​တို့ အား​ဖမ်း​ဆီး​ရန် လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​ရပ်​လျက်​မ​နေ​သင့်။
ထို​သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​အား​ရန်​သူ​လက်​သို့​မ​အပ်​သင့်။ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄။ ၁-၁၅။ အာ၊ ၁:၁၁-၁၂။ မိ၊ ၁:၂-၅။
လူ​မျိုး​တ​ကာ​တို့​အား​ဘု​ရား​သ​ခင် တ​ရား​စီ​ရင်​တော်​မူ​မည့်​အ​ကြောင်း
15 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊
တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။
အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊
သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။
သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။
16 ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊
ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။
အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း
ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။
သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​မြင်​မှု
17 ``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။
ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။
ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။
ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။
18 ယာ​ကုပ်​၏​မျိုး​ဆက်​များ​နှင့်​ယော​သပ်​၏ မျိုး​ဆက်​များ​သည်​မီး​နှင့်​တူ​လိမ့်​မည်။
မီး​သည်​အ​မှိုက်​သ​ရိုက်​ကို​ကျွမ်း​လောင်​စေ သ​ကဲ့​သို့၊
သူ​တို့​သည်​ဧ​သော​၏​မျိုး​ဆက်​များ​ကို သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။
ဧ​သော​၏​သား​မြေး​တစ်​စုံ​တစ်​ယောက်​မျှ အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မဟုတ်။
ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
 
19 ``ယု​ဒ​ပြည်​တောင်း​ပိုင်း​မှ​လူ​တို့​သည် ဧ​ဒုံ​ပြည် ကို​လည်း​ကောင်း၊
အ​နောက်​တောင်​ခြေ​ဒေ​သ​များ​မှ​လူ​တို့​က
ဖိ​လိတ္တိ​ပြည်​ကို​လည်း​ကောင်း​သိမ်း​ယူ​ကြ လိမ့်​မည်။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ဧ​ဖ​ရိမ်​နှင့် ရှ​မာ​ရိ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရ​ကြ​လျက်၊
ဗင်္ယာ​မိန်​လူ​မျိုး​တို့​က​ဂိ​လဒ်​ပြည်​ကို​ရ​ရှိ​ကြ လိမ့်​မည်။
20 ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊
မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။
ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည်
ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။
21 အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။