Link to home pageLanguagesLink to all Bible versions on this site
7
ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​၏​ပူ​ဇော်​သ​ကာ
1 မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။- 2 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊- 3 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။- 4 ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊- 5 ``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။- 6 ထို့​ကြောင့်​မော​ရှေ​သည်​လှည်း​နှင့်​နွား​များ ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ပေး​အပ်​လေ သည်။- 7 သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊- 8 လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။- 9 ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။

10 ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊- 11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

12-83 သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။