3 ထို့ကြောင့်မောရှေသည်ဣသရေလအမျိုးသား တို့အား``မိဒျန်အမျိုးသားတို့သည်ထာဝရ ဘုရားကိုပြစ်မှားကြသောကြောင့် သူတို့ကို တိုက်ခိုက်ချေမှုန်းရန်အသင့်ပြင်ကြလော့။- 4 စစ်ချီတက်တိုက်ခိုက်ရန်ဣသရေလအနွယ် များမှ တစ်နွယ်လျှင်လူတစ်ထောင်ကျစေ လွှတ်လော့'' ဟုဆို၏။
5 သို့ဖြစ်၍စစ်ချီရန်ဣသရေလအနွယ်များ မှလူတစ်ထောင်ကျစီဖြင့် လူပေါင်းတစ်သောင်း နှစ်ထောင်ကိုရွေးချယ်ကြလေသည်။- 6 ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်အားဣသရေလတပ်ကို အုပ်ချုပ်ကွပ်ကဲစေ၏။ သူနှင့်အတူတဲတော် နှင့်ဆိုင်သောအသုံးအဆောင်ပစ္စည်းများနှင့် အချက်ပေးတံပိုးခရာများကိုယူဆောင် သွား၏။- 7 ထာဝရဘုရားကမောရှေအားအမိန့်ပေး တော်မူသည်အတိုင်း သူတို့သည်မိဒျန်အမျိုး သားတို့ကိုတိုက်ခိုက်ရာ၊- 8 မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
9 ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။- 10 သူတို့၏မြို့နှင့်စခန်းရှိသမျှတို့ကို လည်းမီးရှို့ဖျက်ဆီးပစ်ကြ၏။- 11 သူတို့သည်သိမ်းယူရရှိသမျှသောဥစ္စာ ပစ္စည်း၊ သုံ့ပန်းနှင့်တိရစ္ဆာန်တို့ကို၊- 12 ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။
21 ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊- 22-23 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။- 24 သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
32-35 စစ်သည်တို့ကိုယ်ပိုင်အတွက်သိမ်းထားသော ပစ္စည်းများအပြင် လက်ရသိမ်းဆည်းခဲ့သော တိရစ္ဆာန်နှင့်လူအရေအတွက်စာရင်းမှာ သိုး နှင့်ဆိတ်ကောင်ရေခြောက်သိန်းခုနစ်သောင်း ငါးထောင်၊ နွားကောင်ရေခုနစ်သောင်းနှစ်ထောင်၊ မြည်းကောင်ရေခြောက်သောင်းတစ်ထောင်နှင့် အပျိုကညာဦးရေသုံးသောင်းနှစ်ထောင် ယောက်ဖြစ်သည်။- 36-40 စစ်သည်တို့အတွက်ထက်ဝက်ဝေစုမှာ သိုး နှင့်ဆိတ်ကောင်ရေပေါင်းသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန်ကောင်ရေမှာ ခြောက်ရာ့ခုနစ်ဆယ့်ငါး ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစုနွားကောင် ရေသုံးသောင်းခြောက်ထောင်ဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန် ကောင်ရေမှာခုနစ်ဆယ့်နှစ်ကောင်ဖြစ် သည်။ စစ်သည်တို့အတွက်ဝေစုမှာမြည်း ကောင်ရေသုံးသောင်းငါးရာဖြစ်၍၎င်းတို့ အနက် ထာဝရဘုရားအတွက်အခွန် အဖြစ်ဆက်သရန်ကောင်ရေမှာခြောက်ဆယ့် တစ်ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစု မှာအပျိုကညာတစ်သောင်းခြောက်ထောင် ယောက်ဖြစ်၍ ၎င်းတို့အနက်ထာဝရဘုရား အတွက်အခွန်အဖြစ်ဆက်သရန်အတွက် မှာသုံးဆယ့်နှစ်ယောက်ဖြစ်သည်။- 41 သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
42-46 ဣသရေလအမျိုးသားတို့အတွက်ဝေစု သည်လည်း စစ်သည်တို့အတွက် ဝေစုအတိုင်း သိုးနှင့်ဆိတ်ကောင်ရေသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာ၊ နွားကောင်ရေသုံးသောင်း ခြောက်ထောင်၊ မြည်းကောင်ရေသုံးသောင်းငါး ရာနှင့်အပျိုကညာဦးရေတစ်သောင်းခြောက် ထောင်ယောက်ဖြစ်သည်။- 47 မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
48-49 ထိုနောက်တပ်မှူးတို့သည် မောရှေထံသို့လာ ရောက်၍``အကျွန်ုပ်တို့၏လက်အောက်ရှိစစ်သည် များကိုရေတွက်ရာ တစ်ယောက်မျှပျောက်ဆုံး ခြင်းမရှိကြောင်းတွေ့ရပါသည်။- 50 သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။- 51 မောရှေနှင့်ဧလာဇာတို့သည်ရွှေလက်ဝတ် တန်ဆာများကိုလက်ခံလေသည်။- 52 တပ်မှူးများဆက်သသောလက်ဝတ်တန် ဆာအလေးချိန်မှာပေါင်လေးရာကျော် ရှိသည်။- 53 ရိုးရိုးတပ်သားတို့သည်မိမိတို့ရရှိသော ပစ္စည်းများကို ကိုယ်ပိုင်အတွက်သိမ်းဆည်း ထားကြ၏။- 54 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။
<- တောလည် 30တောလည် 32 ->- a တော၊ ၂၅:၁-၉။