Link to home pageLanguagesLink to all Bible versions on this site
13
သူ​လျှို​များ
(တ​ရား၊ ၁:၁၉-၃၃)

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- 2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။- 3-15 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း အောက်​ဖော်​ပြ​ပါ​ခေါင်း​ဆောင်​တို့​ကို ပါ​ရန်​တော​ကန္တာ​ရ​မှ​စေ​လွှတ်​လိုက်​လေ​သည်။