13 သူတို့သည်မောရှေမှတစ်ဆင့် ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်းခရီး ထွက်ကြ၏။- 14 ခရီးထွက်သည့်အခါတိုင်းသတ်မှတ်ထား သောအစီအစဉ်အရချီတက်ကြသည်။ ယုဒအနွယ်တပ်အလံနောက်မှလိုက်ရသော လူစုကို အမိနဒပ်၏သားနာရှုန်ကအုပ် ချုပ်ရသည်။ သူတို့သည်တပ်စုအလိုက်ရှေ့ ဆုံးမှချီတက်ရသည်။- 15 ဣသခါအနွယ်ကိုဇုအာ၏သားနာသ နေလကလည်းကောင်း၊- 16 ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။
17 ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။
18 ထိုနောက်ရုဗင်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို ရှေဒုရ၏သားဧလိ ဇုရသည်အုပ်ချုပ်လျက်တပ်စုအလိုက်ချီ တက်ရသည်။- 19 ဇုရိရှဒ္ဒဲ၏သားရှေလုမျေလသည် ရှိမောင် အနွယ်ကိုလည်းကောင်း၊- 20 ဒွေလ၏သားဧလျာသပ်သည်ဂဒ်အနွယ် ကိုလည်းကောင်းအုပ်ချုပ်ရသည်။
21 ထိုနောက်လေဝိအနွယ်ကောဟတ်သားချင်းစု တို့သည် တဲတော်ဆိုင်ရာပစ္စည်းများကိုထမ်းလျက် ချီတက်ရသည်။ သူတို့သည်နောက်စခန်းသို့ ဆိုက်ရောက်သည့်အခါ တဲတော်ကိုထူနှင့်ပြီး ဖြစ်သည်။
22 ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။- 23 မနာရှေ၏အနွယ်ကိုပေဒါဇုရ၏သား ဂါမလျေလအုပ်ချုပ်ရသည်။- 24 ဗင်္ယာမိန်အနွယ်ကိုဂိဒေါနိ၏သားအဘိဒန် အုပ်ချုပ်ရသည်။
25 နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။- 26 အာရှာအနွယ်ကိုသြကရန်၏သားပါဂျေလ အုပ်ချုပ်၍၊- 27 နဿလိအနွယ်ကိုဧနန်၏သားအဟိရ အုပ်ချုပ်ရသည်။- 28 ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
29 မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
30 ဟောဗပ်က``ငါမလိုက်လိုပါ။ ငါ၏နေရင်း ပြည်သို့ပြန်မည်'' ဟုဖြေကြားလေ၏။
31 ထိုအခါမောရှေက``ငါတို့ကိုစွန့်ပစ်၍မထား ခဲ့ပါနှင့်။ သင်သည်တောကန္တာရခရီးလမ်းသိ ကျွမ်းသူဖြစ်သဖြင့် စခန်းချရာအရပ်ကို ငါတို့အားညွှန်ပြနိုင်မည်ဖြစ်သည်။- 32 ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
35 ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-[a] 36 ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။
<- တောလည် 9တောလည် 11 ->- a ဆာ၊ ၆၈:၁။