4 ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
5 ဧဇရသည်ထိုသူတို့၏အထက်စင်မြင့်ပေါ် မှာရပ်လျက်နေစဉ် လူအပေါင်းတို့သည်သူ့ ကိုစိုက်ကြည့်ကြ၏။ ပညတ်ကျမ်းကိုဖွင့် လိုက်သောအခါသူတို့သည်ထကြ၏။- 6 ဧဇရက``ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုဆို၏။
7 ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
8 သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို [a] ကာရှင်းပြကြလေသည်။
9 သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။- 10 ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
11 လေဝိအနွယ်ဝင်တို့သည်လှည့်လည်၍ထို နေ့မြတ်၌ ဝမ်းမနည်းဘဲစိတ်တည်ငြိမ်မှု ရှိကြရန်လူတို့အားပြောကြားကြ၏။- 12 သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
16 သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။- 17 ဖမ်းဆီးသိမ်းသွားရာမှပြန်လာသူလူ အပေါင်းတို့သည် သစ်ခက်တဲများထိုး၍ နေထိုင်ကြလေသည်။ နုန်၏သားယောရှု လက်ထက်မှအစပြု၍ ယနေ့တိုင်အောင် ပထမဆုံးအကြိမ်သစ်ခက်တဲနေပွဲကို ကျင်းပခြင်းဖြစ်၍ လူတိုင်းပင်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။- 18 သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
<- နေဟမိ 7နေဟမိ 9 ->